အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၂ ဧပြီ ၂၀၂၄

၁၄:၅၆:၀၂
1453212

ဗြိတိသျှ လူမျိုးရေးဝါဒီ အစွန်းရောက် များက ‌‌ဟေဂျာဗ်ဝတ် အမျိုးသမီးများအား တိုက်ခိုက်

လူမျိုးရေးခွဲခြားသူ အစွန်းရောက် အင်္ဂလိပ်လူမျိုးတစ်ဦး မှ ဇီယွန်ဝါဒီ များကို ဆန့်ကျင် သည့် ဟေဂျာဗ်ဝတ်ထားပြီး ပါလက်စတိုင်း အမှတ် အသားပါ ပုဝါ အား လည်ပင်တွင် ပတ်ထားသည့် မွတ်စလင်မ် အမျိုးသမီးများ အားဆဲဆို သည့်အပေါ် မွတ်စလင်မ်များ ဒေါသမီးတောက်ခဲ့

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အင်္ဂလန်တွင် မွတ်စလင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ဆိုက်ဘာစပေ့တွင် လွှင့်တင်ထားသည့် ဓာတ်ပုံများတွင် လူသွားလမ်းလာများရှေ့တွင် မွတ်စလင်မ်အမျိုးသမီးများကို လမ်းပေါ်၌ မျက်နှာဖုံးဝတ်ထားသည့် လူမျိုးရေးခွဲခြားသည့် အစွန်းရောက် အင်္ဂလိပ်လူမျိုးတစ်ဦးမှ နှုတ်ဖြင့် ညစ်ညမ်းစွာ ဆဲဆို ပုတ်ခတ်တိုက်ခိုက်နေပုံများကို ပြသထားပါတယ်။

ယခုနှစ် ကွတ်ဒ်စ် နေ့ (Quds Day ) တွင် ဘတ်စ်ကားဂိတ်သို့ ရောက်ရှိလာသည့် ဘတ်စ်ကားကို စောင့်ဆိုင်းနေသည့် ဟေဂျာဗ် ဝတ် မွတ်စလင်မ် အမျိုးသမီးတစ်ဦးကို လူမျိုးရေးခွဲခြားသူ အစွန်းရောက် နှစ်ဦးက တိုက်ခိုက်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရကြောင်း သိရှိရပါတယ်။

ပါလက်စတိုင်း အမှတ်အသားပါ ပုဝါကို ၀တ်ဆင်ထားသည့် ဤ မွတ်စလင်မ် အမျိုးသမီးမှ အဆိုပါလူများ (အစွန်းရောက်များ) သည် မိမိအား လက်သီးနှင့် ထိုး ‌ခြေနဲ့ ကန်ချက်ကို ၁၅ မိနစ်ခန့် ပြုခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ရန် ရဲတပ်ဖွဲ့ထံ အကြောင်းကြားလျက် အလုပ်များလွန်းသောကြောင့် အခင်းဖြစ်ပွားရာသို့ မရောက်နိုင်ကြောင်း ရဲများ မှ ဖြေကြား ကြောင်း မျက်မြင်သက်သေများက ပြောပြခဲ့ကြပါတယ်။

အင်တာနက်ပေါ်တွင် တင်ထားသည့် ဓာတ်ပုံများတွင်ဟေဂျာဗ်ဝတ်အမျိုးသမီးများကို ညစ်ညမ်းသော စကားများဖြင့် ဆဲဆိုတိုက်ခိုက်ပြီး မနင်တို့ ဟာ ကင်ဆာ ပိုးတွေဖြစ်ကြောင်း ဒါကြောင့် ငါတို့ နိုင်ငံမှ ထွက်သွား ဖို့ လိုကြောင်း ပြောဆိုထားပါတယ်။

ငါတို့နိုင်ငံ ဟာ ခရစ်ယာန်နိုင်ငံဖြစ်ပြီး မင်းတိုကို ငါတို့မကြိုက်ဘူး ဟုအစွန်းရောက်မှ သူက ဆက်ပြောတယ်။

အစ္စလာမ့်လူ့အခွင့်အရေးကော်မရှင်က ဗြိတိန်အစိုးရအား အစ္စလာမ်မုန်းတီးဖွယ်ရာအပြုအမူများ တိုးပွားလာရခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း ဗြိတိန်အစိုးရ နှင့် မွတ်စလင်များနှင့်ပတ်သက်သော မီဒီယာများ၏ အပြုအမူများသည် အစ္စလာမ် နှင့် မွတ်စလင်များအပေါ် စော်ကား တိုက်ခိုက်ရန် သိသိသာသာ တိုးမြင့်ပေးနေပြီးပံ့ပိုးပေးနေကြောင်း ပြောကြားခဲ့ပါတယ်။

အစွန်းရောက် မွတ်စလင်မ် မုန်းတီးသူများ နှင့် ၎င်းတို့၏ ဝါဒမှိုင်းမိနေသူများ ၏ မတရားသည့် အကျင့် တစ်ခု မှ မွတ်စလင်မ် နိုင်ငံများ တွင် ဟေဂျဗ် မဝတ်သူများ အားမြှောက်ပေးပြီး လူ့အခွင့်အရေး ဟုဆိုကြပြီး မွတ်စလင်မ် မဟုတ်သည့် နိုင်ငံများတွင် ဟေဂျဗ် ဝတ်သည့် မွတ်စလင်မ် အမျိုးသမီးများ ကို လူ့ အခွင့်အရေးဆို ပြီး ဟေဂျာဗ် မပေးဝတ်သည့် အပြင် ဆဲဆို စော်ကား တိုက်ခိုက်ကြခြင်း ဖြစ်ပါတယ်။

****************************************************************

END / 251