အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၂ ဧပြီ ၂၀၂၄

၁၉:၁၆:၂၇
1453321

နေတန်ယာဟုသည် ၀န်ကြီးချုပ်ရာထူးမှ ချက်ချင်းနုတ်ထွက်သင့် ကြောင်း အတိုက်အခံ ခေါင်းဆောင် ပြော

အစ္စရေး အတိုက်အခံ ခေါင်းဆောင် ရဲယာလာပစ် (Yair Lapid) က ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu ) အပေါ် ဝေဖန်မှု မရပ်တန် ဘဲ အစ္စရေး ဝန်ကြီးချုပ် အား ရာထူး မှ ချက်ချင်း နုတ်ထွက်ရန် ထပ်မံ တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်အရဘီယဟ် သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ပြီးခဲ့သည့်စနေနေ့ညက အီရန်၏ မကြုံစဖူးတိုက်ခိုက်မှုအပြီးတွင် "အစ္စရေးဟန့်တားမှု" အား လျော့ပါးစေသည်ဟု စွပ်စွဲခံရပြီးနောက် နေတန်ယာဟုသည် ချက်ချင်းနုတ်ထွက်သင့်သည်ဟု အစ္စရေး အတိုက်အခံ ခေါင်းဆောင် ရဲယာလာပစ် (Yair Lapid)  မှ ပြောကြားခဲ့ပါတယ်။

ဂါဇာကို ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကို ရပ်တန့်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ထောက်လှမ်းရေးအကြီးအကဲ ရာထူးမှ နုတ်ထွက်ပြီးနောက် ရဲယာလာပစ် ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကြောင့် နယ်ချဲ့ အစ္စရေးလူ ၁၂၀၀ သေဆုံးပြီး ၂၄၀ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ ရကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေး အတိုက်အခံ ခေါင်းဆောင် ရဲယာလာပစ်  Yair Lapid က ၀န်ကြီးချုပ်  ဘင်ဂျမင် နေတန်ယာဟု  (Benjamin Netanyahu )  ၏ အစိုးရဟာ စနေနေ့ညက အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ (တုံ့ပြန် )တိုက်ခိုက်မှုကြောင့် (နယ်ချဲ့ ) အစ္စရေး၏ ဟန့်တားမှုကို အားနည်းစေတယ်လို့  မှတ်ချက်ချ ပြောဆိုခဲ့ပါတယ်။

လက်ယာစွန်းပါတီများနှင့် ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် နေတန်ယာဟုသည် 2022 နှစ်ကုန်တွင် အာဏာပြန်ရခဲ့ ကြောင်း ပြောကြားပြီး  မိမိနိုင်ငံ တွင် အချိန် မရောက်ခင်  ရွေးကောက်ပွဲများ ကို  ပြုလုပ်ပေး ရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။

****************************************************************

END / 251