အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၅ ဧပြီ ၂၀၂၄

၂၀:၃၀:၃၆
1454133

ကျမ်းမြတ် ကုရ်အာန် နှင့် နဲဟ်ဂျိုလ်ဗလာဂဟ်ကျမ်း သည် ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စာအုပ်များ စာရင်းတွင်ပါဝင်

ဘာသာရေး အခြေအနေကို စောင့်ကြည့် လေ့လာခြင်းနှင့် ပတ်သက်သည့် သုတေသန စင်တာများ သည်ကုရ်အာန်ကရီးမ် အား ကမ္ဘာပေါ်ရှိ ရောင်းအား အကောင်းဆုံး စာအုပ်များ အနက်မှ တစ်ခု အဖြစ် ကိုးကား ဖော်ပြထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့  ၂၀၁၄ခုနှစ် ဟာ UNESCO မှ နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့စာအုပ်များနေ့ နှင့်  တိုက်ဆိုင် နေပါတယ်။ အခြားတစ်ဖက်တွင်မူ စာအုပ်ဖတ်ခြင်းအခြေအနေ၊ စာကြည့်တိုက်များ တိုးချဲ့ခြင်း၊ စာအုပ်ဖတ် ခြင်းမြှင့်တင်ရေးနှင့် ရောင်းအားအကောင်းဆုံးစာအုပ်များ နှင့်ပတ်သက်သည့် သုတေသန စာတမ်းများ ကိုလည်း သာမန်အား ဖြင့်  ထုတ်ဝေလေ့ရှိပါတယ်။

ကမ္ဘာ့စာအုပ်များနေ့တွင် UNESCO သည် အခြားနိုင်ငံတကာ စာအုပ်နှင့်ပတ်သက်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ International Book Capital မြို့ အဖြစ်  ရွေးချယ်ခဲ့ပါတယ်။ ထိုသို့သောမြို့ကို ရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်မှာ ယေဘူယျအားဖြင့် လူငယ်များ အထူးသဖြင့် လူငယ်များ စာဖတ်ခြင်း၏ ရွှင်လန်းမှုကို ရှာဖွေတွေ့ရှိရန်နှင့် ရာစုနှစ်များအတွင်း စာရေးဆရာများ ဖန်တီးခဲ့သော အသိပညာနှင့် စာပေများကို လေးစားရန်ဖြစ်ပါတယ်။

ထို့အပြင် ပြည်သူတို့အကြား ယဉ်ကျေးမှုပြန့်ပွားစေရန် (ခ) ဘာသာရေး ပြန့်ပွားစေရန် အတွက် ရွေးချယ်ထား သော စာအုပ်မြို့တော်သည် နှစ်စဉ်နှစ်တိုင်း စာဖတ်အားမြှင့်တင်ရန်နှင့် နိုင်ငံတွင်းနှင့် နိုင်ငံရပ်ခြားရှိ လူဦး ရေစာရင်းများတွင် စာဖတ်မှုပမာဏ တိုးမြင့်လာစေရန် ကတိပြုထားသည့် အတွက် ကြောင့် ဖြစ်ပါတယ်။

ထို့အပြင် ရွေးချယ်ထားသော စာအုပ်၏ မြို့တော်ဖြစ်သည့် အစိုးရသည် ထိုနှစ်တွင် ယဉ်ကျေးမှုဆိုင်ရာ (ခ) ဘာသာရေးဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်တစ်ခုကို ဖော်ဆောင်ရန် ကတိပြုပါတယ်။

ယခုနှစ် ကမ္ဘာ့စာအုပ်များနေ့တွင် UNESCO ညွှန်ကြားရေးမှူးချုပ် အာဒရီ အူဇူလိုင်း (Audrey Ozolai ) မှ ဂါနာနိုင်ငံ အာကရာ (Accra)  မြို့အား ၂၀၂၄  ခုနှစ်တွင် World Book Capital ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို သုံးစွဲနိုင်ခဲ့ပေမယ့် စာအုပ်တွေဟာ ကမ္ဘာ တဝှမ်းမှာ အလွန်ရေပန်းစားနေဆဲဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာတဝှမ်းရှိ ထုတ်ဝေသူများသည် စာအုပ် ထောင်ပေါင်း များစွာ ထုတ်ဝေကြပြီး အချို့မှာ ရောင်းအားအကောင်းဆုံးများရရှိရန် အချင်းချင်း ယှဉ်ပြိုင် ကြ ပါတယ်။

ကမ္ဘာပေါ်ရှိ သုတေသနဌာနများက ကြေညာခဲ့သည်မှာ ကျမ်းတော်မြတ် ကုရ်အာန် ၊ နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း ၊ အူစူလေကာဖီကျမ်း နှင့် အက်စ်ဖါရ်ရေအရ်ဗအ် တို့သည် ကမ္ဘာပေါ်တွင် အရောင်းရဆုံး စာအုပ်များဖြစ်ပြီး အထူးသဖြင့် အစ္စလာမ်နိုင်ငံများတွင် ဖြစ်ကြောင်း ဖြစ်ပါတယ်။

အမိ မြန်မာပြည်သူပြည်သားများ အနေဖြင့်လည်း အလျင်မြန်ဆုံး နဲဟ်ဂျိုလ်ဗလာဂဟ်ကျမ်း  ၊အူစူလေကာဖီ ကျမ်း များ ကို ဘာသာပြန် ဖတ်နိုင်ခွင့်ရရင် ဆုတောင်းမေတ္တာ ပို့သ လိုက်ပါတယ်။

.......................................................

END / 251