၃၀ ဇွန် ၂၀၂၄ - ၂၀:၂၈
မိုဘာဟေလဟ်နေ့ ၏ ကျင့်စဥ်

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မိုဘာဟေလဟ်နေ့ ၏ ကျင့်စဥ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒါနစ်ရှ် နာမဟ် ကုရ်အာန် ဝ ဟဒီးစ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الصادق علیه السلام:

مَن صَلّى في هذَا اليَومِ رَكعَتَينِ قَبلَ الزَّوالِ بِنِصفِ ساعَةٍ شُكرا للّهِِ عَلى ما مَنَّ بِهِ عَلَيهِ وخَصَّهُ بِهِ ، يَقرَأُ في كُلِّ رَكعَةٍ اُمَّ الكِتابِ مَرَّةً واحِدَةً ، وعَشرَ مَرّاتٍ «قُل هُوَ اللّهُ أحَدٌ» ، وعَشرَ مَرّاتٍ آيَةَ الكُرسِيِّ إلى قَولِهِ : «هُمْ فِيهَا خَالِدُونَ» ، وعَشرَ مَرّاتٍ «إنّا أنزَلناهُ في لَيلَةِ القَدرِ» ؛ عَدَلَت عِندَ اللّهِ مِئَةَ ألفِ حِجَّةٍ ، ومِئَةَ ألفِ عُمرَةٍ ، ولَم يَسأَلِ اللّهِ عز وجل حاجَةً مِن حَوائِجِ الدُّنيا وَالآخِرَةِ إلّا قَضاها لَهُ كائِنَةً ما كانَت ، إن شاءَ اللّهُ عز و جل .

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အကြင်မည်သူ မဆို ထိုနေ့ ( ဇေလ်ဟဂျ်ဂျဟ်  လ၏ ၂၄ ရက်နေ့ ) ဇဟိုရ် အချိန် မတိုင်မီ နာရီဝက်အလို အလ္လာဟ်ဟို အရှင်မြတ် ချီးမြင့် ထားသည့် နေအ်မသ်တော်(များ) ကို ရှိုက်ရ် (ကျေးဇူးတင်ခြင်း) လုပ်သည့် အနေဖြင့် ၂ရကတ် နမာဇ် ဝတ်ပြုရမည် ဖြစ်ပါသည်။ ရကတ်တိုင်း တွင် စူရဟ် ဖာသဟဟ် ၁ကြိမ် ၊ ကွလ်ဟိုဝလ္လာဟ်ဟိုအဟဒ် (စူရဟ်သောင်ဟီးဒ် ) ၁၀ကြိမ် ၊ အာယသ်သိုလ်ကုရ်စီ ဟွန်မ်ဖီးဟာ ခါလေဒူးန် အထိ  ၁၀ ကြိမ် ၊ အန်နအန်ဇလ်နာဟို ဖိးလိုင်းလသိုလ်ကဒ်ရ် (စူရဟ် ကဒ်ရ် ) ၁၀ ကြိမ် ဖတ်ရမည်ဖြစ်ပါသည်။ ဤလုပ်ရပ် (နမာဇ်) သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အနီးတွင် ဟဂျ် တစ်သိန်း ၊ အွမ်ရဟ် ၁သိန်း လုပ်ခြင်း နှင့် ညီပေသည်။ ထို(နမာဇ် ဝတ်ပြုသူ) သည် အလ္လာဟ် ထံ  လောကီ လောကုတ္တရာ နှင့် ပတ်သက်သည့် လိုအင်ဆန္ဒ (ရရီအီ) မှန်သမျှ  ကို တောင်းခံမည် ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း၏  လိုအင်ဆန္ဒ (ရရီအီ) မှန်သမျှ   ကို ချီးမြှင့်ပေးသနားမည် ဖြစ်ပါသည်။ အင်န်ရှာအလ္လာဟ် »

ကျမ်းကိုး ။ ။ ဒါနစ်ရှ် နာမဟ် ကုရ်အာန် ဝ ဟဒီးစ် ကျမ်း ၊ အတွဲ ၁၆ ၊ စာမျက်နှာ ၃၀၈

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျွန်ုပ်တို့ အခွင့် ကောင်းတစ်ခု ဖြစ်ပါတယ်။ အင်န်ရှာ အလ္လာဟ် အသုံးချနိုင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဇဟိုရ်မတိုင်ခင် နာရီ ဝက် အလို ဤ နမာဇ် အား ဝတ်မ ပြုခံလျင်လည်း အလ္လာဟ်ချီးမြင့် ပေးသနားတော် မူမည်ဆိုသည့် မျှော်လင့်ချက် နီယသ် ဖြင့် ဇဟိုရ်နမာဇ် နှင့်အဆရ်နမာဇ် အပြီး သို့မဟုတ်  အခြား တစ်ချိန်တစ်ချိန် နေမဝင်ခင် အတွင်း ဝတ်ပြု သင့်ပါတယ်။ နေဝင် ချိန် ဆိုသည် မှာ မဂ်ရိဗ် နမာဇ် မတိုင်မီ မိနစ် ၂၀ ခန့် အချိန် ဖြစ်ပါတယ်။

****************************************************************

END / 251