အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
စနေနေ့

၅ ဇူလိုင် ၂၀၁၄

၁၀:၀၀:၃၅
621554

ဂျွန်းဗလီဝင်း အတွင်း ၀င်ရောက် ရှာဖွေပြီး လက်နက်တွေ့ဟုဆိုကာ ဗလီပရ၀ုဏ် အိမ်များမှာ နေထိုင်သူ လူ ၅-ဦး ဖမ်းဆီးခေါ်ဆောင်သွား

ယနေ့ မနက်ပိုင်းမှာ ဂျွန်းဗလီဝင်း နှင့် ဗလီပရဝုဏ်အတွင်းရှိ အိမ်များကို ၀င်ရောက်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လက်နက် ရှာဖွေတွေ့ရှိ၍ဟုဆိုကာ ၅-ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။ဖမ်းဆီးခံရသူများမှာ မော်လဝီဟာဖစ်နူးရ်ဒင် (ခ) ကျော်မင်းလွင် (ခ) ဆရာကျန်ကျောင်း(အေမမ်)၊ ဖိုးထူး (ခ)ရမ်မသွလ်လာ(ဟာဖစ် မော်ဇင်)၊ မောင်ချစ်ဦး(မော်လဝီနူးရ် အေမမ်ကြီးရဲ့သား)၊ ဇော်ဝင်းထူး အသက် ၁၅နှစ်(ကိုလှထူး သား)၊ မောင်မြတ်ကို (ဖားအံ ဂျမအသ်မှ) ၁၇ နှစ် တို့ဖြစ်ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) သတင်းဌာန၊အဗ်နာ

ယနေ့ မနက်ပိုင်းမှာ ဂျွန်းဗလီဝင်း နှင့် ဗလီပရဝုဏ်အတွင်းရှိ အိမ်များကို ၀င်ရောက်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လက်နက် ရှာဖွေတွေ့ရှိ၍ဟုဆိုကာ ၅-ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။
ဖမ်းဆီးခံရသူများမှာ မော်လဝီဟာဖစ်နူးရ်ဒင် (ခ) ကျော်မင်းလွင် (ခ) ဆရာကျန်ကျောင်း(အေမမ်)၊ ဖိုးထူး (ခ) ရမ်မသွလ်လာ(ဟာဖစ် မော်ဇင်)၊ မောင်ချစ်ဦး(မော်လဝီနူးရ် အေမမ်ကြီးရဲ့သား)၊ ဇော်ဝင်းထူး အသက် ၁၅နှစ်(ကိုလှထူး သား)၊ မောင်မြတ်ကို (ဖားအံ ဂျမအသ်မှ) ၁၇ နှစ် တို့ဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဆက်သွယ် စုံစမ်းမေးမြန်းရာ ဆရာ ကျန်ကျောင်း၏ ဇနီးဖြစ်သူ မခင်စန်းထွေးမှ ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။
“ကျွန်မတို့က ဗလီပရ၀ုဏ် ထဲမှာ နေတာပါ။ အိမ်သာ အပေါ်ထပ်မှာနေတာ။ မနက်အစောကြီးမှာ ရဲသားတွေ ၀င်လာပြီး အိမ်ပေါ်တက်လာပြီး လာရှာတယ်။ ကျွန်မတို့အိမ်ထဲလည်း ပစ္စည်းတွေ အကုန်မွှေပြီးရှာတာ။ ခြင်ထောင်တွေလည်း အကုန်လှန်တယ်။ ကျွန်မသမီးလေး အိပ်နေတဲ့ခြင်ထောင်ကိုလည်း လှန်မယ်လုပ်လို့ ကျွန်မလည်း အဲ့ဒါက ကျွန်မသမီးအိပ်နေတာ ကျွန်မ ခြင်ထောင်ဖွင့်ပေးပါမယ်ပြောရတယ်။ ကျွန်မတို့အိမ်ရယ်၊ ဆရာကြီးအိမ်ရယ်၊ မိုအ်ဇင်အိမ်ရယ်ကို ၀င်ပြီးရှာတယ်လေ။ အိမ်တွေမှာက ကုရ်ဘာနီ(အမဲအီးဒ်) လုပ်ရင်သုံးတဲ့ ဓါးတွေက အမြဲရှိနေတာ။ အဲ့ဒါ သူတို့ အိမ်တွေက ဓါးတွေ တွေ့လို့တဲ့။ ကျွန်မတို့ အိမ်က သံလုံးတွေ့လို့တဲ့လေ။ သံလုံးက ကျွန်မ မိန်းမသားဖြစ်နေတော့ ဗီရိုတွေဘာတွေ ရွေ့ရင် အဲ့ဒီသံလုံးနဲ့ ကျွန်မ တွန်းပြီးရွေှ့တာ။ အဲ့ဒါ သူတို့လာတဲ့အထဲမှာ တချို့ကလည်း လည်ပတ် အပြာတွေ ပတ်ထားတယ်။ ဘယ်စခန်းကလည်းတော့ မပြောဘူး။ ဗိုလ်ကြီးဆိုတာက ပခုံးမှာ သုံးပွင့်တွေ့တယ်။ ကျွန်မတို့ လင်မယား ၂-ယောက်လုံးကို သက်သေခံ ပစ္စည်းနဲ့ ဓါတ်ပုံရိုက်မယ်ပြောတယ်။ အဲ့ဒါ ကျွန်မက ကျွန်မကိုရိုက်လို့ပြောတယ်။ ကျွန်မအမျိုးသားကလည်း သူ့ကိုပဲ ရိုက်ပါဆိုတော့ သူ့ကိုပဲ ပစ္စည်းနဲ့တွဲပြီး ဓါတ်ပုံရိုက်သွားတယ်။ ဘယ်ခေါ်သွားမှန်းလဲ မသိဘူး။ အခုထိလည်း ဘာမှ အကြောင်းမကြားလာဘူး။”လို့ ဆိုပါတယ်။
ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် မခင်စန်းထွေးအနေဖြင့် “ကျွန်မတို့က မတရားလည်း လုပ်ခံရသေးတယ်။ အခုလို မတရားသဖြင့် ဖမ်းဆီးတာလည်းခံရတယ်။ တမင်သက်သက်ကို လုပ်နေတယ်လို့ထင်တယ်။ ကျွန်မတို့ အခုဆိုလည်း ပူပင်နေရတယ်။ မတရားမလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်”လို့ သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဗလီအတွင်းပိုင်းသို့ ဝင်ရောက်ရာ ဖိနပ်ချွတ်ပြီးမှ ဝင်ရောက်ခဲ့ကြောင်း မန္တလေးမြို့ခံ တစ်ဦးက M-Media ကို ပြောပါတယ်။

M-Media