အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၉ နိုဝင်ဘာ ၂၀၁၆

၁၉:၃၁:၄၁
793004

နိုင်ဂျီးရီးယား စစ်တပ်မှ ရှီအာ ကျောင်း ၊ဆေးရုံး နှင့် မဒဲရ်ဆာ အား ဖြိုဖျက်

နိုင်ဂျီးရီးယား စစ်တပ် အနေဖြင့် နိုင်ငံ အတွင်း ရှိ ရှီအာမွတ်စ်စလင်များ အစ္စလာမ်မစ် လှုပ်ရှားရေး အဖွဲ့ ၏ ကြီးကြပ်မှု အောက်တွင် ရှိနေသည့် ကျောင်း ၊ဆေးရုံး နှင့် မဒဲရ်ဆာ ကို ဖြိုဖျက် အနိုင်ကျင့်ခဲ့ပါတယ်။




နိုင်ဂျီးရီးယား အစ္စလာမ်မစ် လှုပ်ရှားရေး အဖွဲ့ ၏ သတင်းအထောက်အထားများ အရ နိုင်ဂျီးရီးယား စစ်တပ်အနေဖြင့် ဇာရ်ယာ နှင့် စာမ်နယာ မြို့ ရှိ  မိမိတို့အဖွဲ့ အစ္စလာမ်မစ် လှုပ်ရှားရေး အဖွဲ့ ၏ အဆောက်အဦးများကို ဖြိုဖျက်ခဲ့ကြကြောင်း သိရပါတယ်။ ၎င်းအဆောက်အဦးများတွင် ကျောင်းတစ်ကျောင်း ၊ဆေးရုံး နှင့် မဒဲရ်ဆာလည်း ပါဝင်ကြောင်း သိရပါတယ်။


နိုင်ဂျီးရီးယားစစ်တပ်၏ ဤလူမဆန်သည့် အနိုင်ကျင့်မှုများ  သတ်ဖြတ်မှုများ ၊ ဖြိုဖျက်မှုများ ပြုနေသည့် ကြား နိုင်ဂျီးရီးယား ရှီအာမွတ်စ်လင်များ အနေဖြင့်  မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) ၏ မြေးတော် အေမာမ်ဟိုစိန် (အ.စ) အတွက် ကျဲဟ်လွန်မ် မဂ်ျလစ်များ အဇါဒါရီများ မပျက်မကွက်လုပ်နေလျက်ရှိပါတယ်။ နိုင်ဂျီးရီးယား ရှီအာ မွတ်စ်လင် များ အနေဖြင့် အေမာမ် ဟိုစိန် (အ.စ) ၏ အဇါဒါရီ တည်မြဲ ရန် အတွက် ထိန်းသိမ်း ရန်အတွက်  မိမိတို့၏ အသက်များ ကို စတေး သွားကြရန် ဆန္ဒပြုထားကြပြီး ဖြစ်ပါတယ်။


နိုင်ဂျီးရီးယား စစ်တပ် အပေါ် ဆော်ဒီ နှင့်အစ္စရေး အာနိသင် ရှိနေတာ ငြင်းမရချေ။  ဤစစ်တပ်အနေဖြင့် ပြီးခဲ့သည့် နှစ်ကတည်းက  အေးချမ်းစွာ အဇါဒါရီ ပြုနေသည် ရှီအာ များကို လူမဆန်စွာ သတ်ဖြတ်မှုများ ပြုလုပ် လာပါတယ်။
နိုင်ဂျီးရီးယား အစ္စလာမ်မစ် လှုပ်ရှားရေး အဖွဲ့ ၏ ပြောပြချက်အရ အဆောက်အဦးများ ကို ကြိုတင် စာပေးပို့ ခြင်းလည်းမပြုသလို တရားဝင်ပျက်ခွင့်လည်း မရှိဘဲ ဖြိုဖျက်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။ နိုင်ဂျီးရီးယား စစ်တပ်အနေဖြင့် ပြီးခဲ့သည့် တနင်းလာနေ့တွင်လည်း အေမာမ် ဟိုစိန် (အ.စ)  ၏အဇါဒါရီ ပြုရန် ထွက်လာသည့် အလံလှည့် အုပ်စု အား သေနတ်နှင့်ပစ်ခတ် အနိုင်ကျင့် သတ်ဖြတ်ခဲ့ပါတယ်။ ထိုပစ်ခတ်မှုကြောင့် ရှီအာမိုအ်မင် မိုအ်မေနသ် အယောက် ၁၀၀ ရှဟီးဒ်  ဖြစ်ခဲ့ရပါတယ်။ အခုတခါ ရှီအာပိုင် ကျောင်း ၊ဆေးရုံး၊မဒဲရ်စာ ကို ဖြိုဖျက်ခဲ့ပါတယ်။


တစ်ဖက်တွင် အကြမ်းဖက် ဝဟာဘီအဖွဲ့ ဘိုကိုဟရာမ် အဖွဲ့ နိုင်ဂျီးရီးယား နိုင်ငံ မြို့များတွင် သတ်ဖြတ်မှု ၊ မိန်းကလေးများကို ပြန်ပြေးဆွဲပြီး ကမ္ဘာ နိုင်ငံများတွင်ရောင်းစားနေမှု ကိုပြုနေ ပါတယ်။ သို့သော် နိုင်ဂျီးရီးယား စစ်တပ် အနေဖြင့်၎င်းအဖွဲ့ ကို သုတ်သင်နိုင်ရန် ခိုင်မာသည့်  အရေးယူမှု ကို မပြုနိုင်ချေ။


၂၀၁၅ စက်တင်ဘာလ ၁၂ရက် နှင့် ၁၄ ရက်တွင်လည်း နိုင်ဂျီးရီးယာား စစ်တပ်မှ ဇာရီယာ မြို့ ရှိ အဇါဒါရီ ပြုနေသူများ ကို သေနတ်ဖြင့် မျိုး ပြုတ် သတ်ဖြတ်မှုကို ကို ပြုလုပ်ခဲ့ပါတယ်။ ထို လူမဆန်သည့် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် အမြောက်အများ ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။ ထို ရှဟီးဒ် ဖြစ်သူများ အတွင်း နိုင်ဂျီးရီးယား အစ္စလာမ်မစ် တော်လှန်ရေး ဥက္ကဋ္ဌ အာယာသွလ္လာဟ် ရှိက်္ခ အီဗရာဟီးမ် ဇက်ဇကီ ၏ သား ၃ ဦးလည်း ပါဝင်ပါတယ်။ထိုပြင် အာယာသွလ္လာဟ် ရှိက်္ခ အီဗရာဟီးမ် ဇက်ဇကီကို ဖမ်းချုပ်ခဲ့ကြပါတယ်။ယနေ့တိုင် မလွတ်ပေးသေးကြောင်း သိရှိရပါတယ်။


စစ်တပ် ၏ အလွန်တရာ လူမဆန်စွာ ရက်စက်မှု ကြောင့် အာယာသွလ္လာဟ် ရှိက်္ခ အီဗရာဟီးမ် ဇက်ဇကီ လည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။


နိုင်ဂျီးရီးယား စစ်တပ် အနေဖြင့်အခု လို ရှီအာမွတ်စ်လင်မ် များ ကို အပြင်းအထန် လူမဆန်စွာ နိုမ်နင်းနေကြသည့်အချက် များမှ အဓိက ၂ချက်မှာ ပထမအချက်  ဆော်ဒီ နှင့်အလွန်တရာနီးကပ်သည့် မဟာမိတ် နိုင်ငံများမှ တစ်နိုင်ငံဖြစ်နေခြင်း ၊ဒုတိယအချက်မှာ ရှီအာ မွတ်စ်လင်မ် များ တစ်နေ့ တစ်ခြား များပြားလာမှု ကို စိုးရိမ်၍ အာဏာ လက်လွတ်ရမည်ကို ကြောက်ရခြင်း တို့ကြောင့် ကြောက်ရမ်းရမ်းကာ လူမဆန်စွာ မျိုးတုန်း  သတ်ဖြတ်နေရခြင်း ဖြစ်ပါတယ်။


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ မှ မိမိတို့ ၏ ထုတ်ပြန်ကြေညာ ချက်တွင် နိုင်ဂျီးရီးယား စစ်တပ် အနေဖြင့် နိုင်ဂျီးရီးယား အပြစ်မဲ့  ရှီအာ မွတ်စ်စလင်မ် များ ကို မျိုးတုန်း သတ်ဖြတ်မှု ၏ တာဝန်ခံအဖြစ် သတ်မှတ်ပြီး စစ်တပ်၏ ဤ လုပ်ရပ် ကို ပြင်းထန်စွာဝေဖန် ရှုပ်ချခဲ့ပါတယ်။


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ အနေဖြင့် မိမိ၏ အစီရင်ခံစာ တွင် ဂြိုလ်တု မှ တဆင့် သုတေသန ပြုလုပ်ရသည့် ဓာတ်ပုံများ  ဖြင့် နိုင်ဂျီးရီးယား စစ် တပ်အနေဖြင့် မိမိတို့၏ ရာဇဝတ်မှု ကို ဖုံးကွယ်ရန် ထွင်းတစ်ခုတည်းတွင် ရှီအာ အလောင်း ၃၀၀ ကျော်ကို ခိုးမြုပ်ထားတာကို ဖော်ထုတ် သိရှိ နိုင်ခဲ့ပါတယ်။


အင်န်ရှာအလ္လာဟ် မကြာမီ နိုင်ဂျီးရီးယား စစ်တပ်လည်း အလ္လာဟ် ဟို အရှင်မြတ် သခင်၏ အရေး ယူခြင်း ကို ခံရမည်ဖြစ်ပါတယ်။

===============
251 / End