အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၈ ဩဂုတ် ၂၀၁၇

၁၆:၁၇:၄၉
846985

အစ်ခ်ဝါနိုလ်မွတ်စလေမီးန် အဖွဲ့ ဝင် ၁၂ ဦး အား သေဒဏ် ချမှတ်

အီဂျစ် နိုင်ငံ တရား စီရင်ရေး ရုံးမှ ရဲစခန်းကို တိုက်ခိုက်သည့် စွဲချက်ဖြင့် အစ်ခ်ဝါနိုလ်မွတ်စလေမီးန် အဖွဲ့ ဝင် ၁၂ ဦး အား သေဒဏ် ချမှတ် ခဲ့ပါတယ်။ ၁၅၇ ဦးကိုလည်း ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချ မှတ်ခဲ့ပါတယ်။



အီဂျစ် နိုင်ငံ တရား စီရင်ရေး ရုံးမှ ရဲစခန်းကို တိုက်ခိုက်သည့် စွဲချက်ဖြင့် အစ်ခ်ဝါနိုလ်မွတ်စလေမီးန် အဖွဲ့ ဝင် ၁၂ ဦး အား သေဒဏ် ချမှတ် ခဲ့ပါတယ်။ ၁၅၇ ဦးကိုလည်း ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချ မှတ်ခဲ့ပါတယ်။

အီဂျစ် နိုင်ငံ တရား စီရင်ရေး ရုံးမှ အစ်ခ်ဝါနိုလ်မွတ်စလေမီးန် အဖွဲ့ ဝင် ၁၂ ဦး အား သေဒဏ် ချမှတ်
သည့်ကိစ္စ နှင့်ပတ်သက်ပြီး ဇူလိုင်လ ၁၁ရက်နေ့ က ဖွဖ်သီချုပ် ထံ အကြံတောင်းခံ ခဲ့ပါတယ်။

သေဒဏ်ချမှတ်ခံရသူများ ကို ကိုင်ရို မြို့ ၏ အလ်မိုနီယာ ဒေသရှိရဲစခန်း ကို တိုက်ခိုက်ပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦးအား သတ်ဖြတ်ခဲ့သည့် စွဲချက်ဖြစ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဤအမှုတွင် ၃၉၀ ဦး ကို စွဲချက်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ အီဂျစ်တရားစီရင်ရေးရုံး မှ ၁၂ ဦးကို သေဒဏ် ၊ ၁၅၇ ဦးကို တစ်သက်တစ်ကျွန်းအမိန့်ချမှတ်ခဲ့ပါတယ်။ ထိုပြင် ၂၂၇ ဦးကို အထောက် အထား သက်သေမဲ့နေသည် ကို အခြေပြုပြီး လွတ်ပေးခဲ့ပါတယ်။ ထိုနည်းတူစွာ ၂၀၁၄ ခုနှစ် တွင်လည်း တရားခံ ၃၇ ဦးကို တရားရုံးမှ သေဒဏ် ပေးခဲ့ ပြီး ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်တွင် အစ်ခ်ဝါနိုလ်မွတ်စလေမီးန် အဖွဲ့ ဝင် ဖြစ်သည့် အီဂျစ် သမ္မတ ဟောင်း မိုဟမ္မဒ် မူရ်စီ ကို သမ္မတ ရာထူးမှ ပယ်ချပြီး နောက် အီဂျစ် တရားစီရင်ရေး ရုံးမှ အစ်ခ်ဝါနိုလ်မွတ်စလေမီးန် အဖွဲ့ ကို တားဆီးပိတ်ဆို့ မှုများ ပြုလုပ်ခဲ့ပါတယ်။ အစ်ခ်ဝါနိုလ်မွတ်စလေမီးန် အဖွဲ့ ၏မြောက်များ စွာသော ခေါင်း ဆောင်ကြီး များ ကို ဖမ်းဆီးပြီး ထောင်ချခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

===========
251 / End