အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၆ ဇူလိုင် ၂၀၁၈

၁၅:၄၁:၄၇
903166

ကျမ်းတော်မြတ်ကုရ်အာန် အာဂုံဆောင် စင်တာ အသစ် များ ဖွင့်လှစ် / အီဂျစ်

အီဂျစ်နိုင်ငံ၏ အလ်အက်ဆွရ် နယ်မြေရှိ ဝတ္တကအဖွဲ့ ၏ သတင်းအထောက်အထားအရ ကျမ်းတော် မြတ်ကုရ်အာန် အာဂုံဆောင် စင်တာ အသစ် များ ဖွင့်လှစ် ခဲ့ ကြောင်း သိရှိရပါတယ်။


iqna သတင်းဌာန၏ သတင်း အထောက်အထားအရ အီဂျစ်နိုင်ငံ၏ အလ်အက်ဆွရ် နယ်မြေရှိ  သာသနာဝန်ဆောင်မှု နှင့် ဝတ္တကအဖွဲ့ ၏ ဒါရိုက်တာ အဗ်ဒိုဒ်ဒါရမ်း အနေဖြင့် အဖွဲ့၏ အကူအညီ အထောက်အပံ့ နှင့် ကျမ်းတော်မြတ်ကုရ်အာန် အာဂုံဆောင် (အလွတ်ကျက်) ကျောင်း ၁၀ ကျောင်း ဖွင့်လှစ် ထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုကျောင်းများတွင် အိုလမာ နှင့် ကုရ်အာန် စင်တာများမှ ဆရာများ ကိုခန့်အပ်မည် ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။

၎င်းအနေဖြင့် ဆက်လက်ပြီး ဤကျောင်းများတွင် ကျမ်းတော်မြတ်ကုရ်အာန် အဖတ်သင်၊  သင်တန်း နှင့် အာဂုံဆောင် သင်တန်း အတွက်အားလုံး အခမဲ့ ဖြစ်ကြောင်း အာဂုံ ဆောင် ကျောင်းများကို (အက်စ်နာ) ၊ (သူးဒ်)၊ (အရ်မနသ်)၊ ( ဇိုင်းနီယေ)၊ ( ကရ်နေ) နှင့် (အက်ဆ်ဖွန်န်)  ရပ်ကွက် များတွင် ဖွင့်လှစ်ထား ကြောင်း ပြောကြားခဲ့ပါတယ်။

===================

251 / End