အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
ဗုဒ္ဓဟူးနေ့

၂ အောက်တိုဘာ ၂၀၁၉

၂၀:၀၅:၅၂
980012

တောင်အာဖရိကမှ ဗလီတစ်လုံး နိုင်ငံ၏ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ

တောင်အာဖရိနိုင်ငံ မြို့တော် ကိပ်တောင်းက ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ပြီးခဲ့တဲ့တစ်ပတ်မှာ သတ်မှတ်ခံလိုက်ရပါတယ်။ Al-Jaamia Masjid လို့ အမည်တွင်တဲ့ အဲဒီဗလီဟာ ကိပ်တောင်းမြို့ ဆင်ခြေဖုံးက ကလာရာမောင့် ရပ်ကွက်မှာ တည်ရှိတာ ဖြစ်ပါတယ်။ တောင်အာဖရိက နာမည်ကျော် လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အဘ်ဒူလာ ဟာရွန်က ဒီဗလီကို တည်ထောင်ခဲ့ပြီး၊ ၁၂ နှစ်လောက် ရှေ့ဆောင်အီမာမ်ဖြစ် တာဝန်ထမ်းဆောင်သွားခဲ့ပါတယ်။

အမွေအနှစ်စာရင်းသွင်းခံရသည့် Al-Jaamia Masjid ဗလီ


 တောင်အာဖရိနိုင်ငံ မြို့တော် ကိပ်တောင်းက ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ပြီးခဲ့တဲ့တစ်ပတ်မှာ သတ်မှတ်ခံလိုက်ရပါတယ်။

Al-Jaamia Masjid လို့ အမည်တွင်တဲ့ အဲဒီဗလီဟာ ကိပ်တောင်းမြို့ ဆင်ခြေဖုံးက ကလာရာမောင့် ရပ်ကွက်မှာ တည်ရှိတာ ဖြစ်ပါတယ်။ တောင်အာဖရိက နာမည်ကျော် လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အဘ်ဒူလာ ဟာရွန်က ဒီဗလီကို တည်ထောင်ခဲ့ပြီး၊ ၁၂ နှစ်လောက် ရှေ့ဆောင်အီမာမ်ဖြစ် တာဝန်ထမ်းဆောင်သွားခဲ့ပါတယ်။

ဒီဗလီ သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံရဖို့အတွက် ကိပ်တောင်းမြို့တော် အုပ်ချုပ်ရေးအဖွဲ့ အပါအ၀င် တောင်အာဖရိက ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင်တွေ၊ ကျွမ်းကျင်သူတွေက ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။

“အီမာမ်ဟာရွန်ဟာ ဘာသာရေး သွန်သင်မှုတွေကနေတစ်ဆင့် လူမှုအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲပေးခဲ့ပြီး၊ ဒါ့ကြောင့်ပဲ လူမှုရေးဆိုင်ရာ မညီမျှမှုတွေကို လူတွေက နားလည် သဘောပေါက်လာကြပါတယ်။ အလ်-ဂျာမီယာ ဗလီက သူ့ရဲ့အတန်းတွေမှာ လာတက်သူတွေရဲ့ အတွေးအခေါ်တွေကလည်း ပြောင်းလဲတိုးတက်သွားခဲ့ကြပါတယ်” လို့ တောင်အာဖရိက ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး Anroux Marais က ပြောကြားခဲ့ပါတယ်။

ဒီဗလီကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်တာဟာ ဒီကနေ့ တောင်အာဖရိကမှာ ရရှိခံစားနေရတဲ့ ဒီမိုကရက်တစ် အသိုက်အ၀န်း ဖြစ်ပေါ်လာအောင် ကူညီပေးခဲ့သူတွေ၊ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့သူတွေကို သတိတရ အောက်မေ့ အသိအမှတ်ပြုမှုတစ်ခု ဖြစ်တယ်လို့လည်း ၀န်ကြီးက ဆိုပါတယ်။

ဗလီဝတ်ကျောင်းတော်မှာ ပြုလုပ်တဲ့ အထိမ်းအမှတ် အခမ်းအနားမှာ အီမာမ် ဟာရွန်ရဲ့သားဖြစ်သူ မိုဟာမက် ဟာရွန်နဲ့ ဗလီဝတ်ကျောင်းတော် တာဝန်ရှိသူတွ၊ တောင်အာဖရိက အစိုးရတာဝန်ရှိသူတွေက ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ပါတယ်။

အီမာမ် ဟာရွန်

လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အီမာမ် အလ်ဒူလာ ဟာရွန်



လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အီမာမ် အလ်ဒူလာ ဟာရွန်

အီမာမ် အဘ်ဒူလာ ဟာရွန်ဟာ တောင်အာဖရိကရဲ့ လူဖြူ၊ လူမည်း ခွဲခြားမှု တိုက်ဖျက်ရေး သမိုင်းမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး၊ လူဖြူတွေကြီးစိုးတဲ့ အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံရစဉ် ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

တောင်အာဖရိမှာ လူဖြူ၊ လူမည်း ခွဲခြားမှု ကျင့်သုံးနေစဉ်အတွင်း အီမာမ် ဟာရွန်ဟာ ဒီစနစ်ကိုဆန့်ကျင်ဟောပြောမှုကြောင့် ရက်ပေါင်း ၁၂၃ တိတိ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။

အီမာမ်ဟာရွန် သေဆုံးမှု နှစ် ၅၀ ပြည့်မြောက်တဲ့ အခုနှစ်မှာတော့ သူဖမ်းဆီးခံရတဲ့ မေလ ၂၈ ရက်နေ့ သေဆုံးသွားတဲ့ စက်တင်ဘာ ၂၇ ရက်နေ့အထိ တောင်အာဖရိက နိုင်ငံတစ်ဝှမ်း ပညာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ အားကစားနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖမ်းဆီးခံရစဉ်အတွင်း အီမာမ် ဟာရွန်တစ်ယောက် နည်းမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက်ခံရပါတယ်။ ကိပ်တောင်းက ရဲစခန်းမှာ ဆပ်ပြာတုံးနင်းမိကာ လှေကားကနေ ခြေချော်ကျ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် ညှင်းပမ်းသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ အများစုက ယူဆထားကြပါတယ်။

Ref: iol.co.za
Tags: Islam in South Africa, South Africa

====================================================

END/ 251