အီရန်၏ အာဏာအဆင့်မြင့် ဘာသာရေးခေါင်းဆောင် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီနှင့် ပတ်သက်၍ ပြည်ပမီဒီယာအချို့တွင် ထွက်ပေါ်နေသော ခန့်မှန်းချက်များနှင့် သံသယများကို အီရန်ဘက်က ပယ်ချလျက်ရှိပါတယ်။ အချို့သော ဝေဖန်ချက်များသည် နိုင်ငံရေးဖိအားပေးမှု၏ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး၊ ခေါင်းဆောင်၏ လုံခြုံရေးအခြေအနေကြောင့် လူမြင်ကွင်းမှ ခဏတာဝေးကွာနေခြင်းသာ ဖြစ်ကြောင်း အီရန်ဘက်မှ ဆိုထားပါတယ်။