ဖိလစ်ပိုင်နိုင်ငံမှ ဘာသာရေးကျောင်းသားတစ်ဦးဖြစ်ပြီး အဗ်နာ အပြည်ပြည်ဆိုင်ရာ သတင်းဌာန၏ ဖိလစ်ပိုင် ဘာသာပိုင်း အယ်ဒီတာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒေါက်တာ ဖာရ်မီ အဗ္ဗဒုလ်ဟကီးမ် သည် နာမကျန်းဖြစ်ပြီးနောက် ယနေ့ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၅ ရက် တွင် အလ္လာဟ်မိန့်ခံယူသွားကြောင်း သိရှိရပါတယ်။
ဖိလစ်ပိုင်မြောက်ပိုင်းရှိ ဗါဂီယို မြို့သည် နိုင်ငံ၏ မွတ်စလင် အသိုင်းအဝိုင်းကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု နှင့် လူမှုရေး ချိတ်ဆက်မှုများကို အားကောင်းစေရန်အတွက် ၂၀၂၆ ခုနှစ် မေလတွင် ၎င်း၏ ပထမဆုံး Halal Food Expo ကို ကျင်းပရန် ပြင်ဆင်နေပါတယ်။