ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဇာဘိုင်ဂျန်နိုင်ငံ၏ နချီဝန် ဒေသတွင် ဖြစ်ပွား ခဲ့သော ဒရုန်းတိုက်ခိုက်မှုအကြောင်း ပြောကြားရာတွင် ဒေသတွင်း လက်ရှိ ဖြစ်ပေါ်နေသော အပြောင်း အလဲများ အတွက် တာဝန်ရှိသူမှာ တိုက်ခိုက်မှုကျူးလွန်သူများနှင့် ထိုတိုက်ခိုက်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်စွာ ထောက်ခံနေသော နိုင်ငံများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။