မည်သူမဆို အခြေအနေအရ ဆာလောင်မွတ်သိပ် ခြင်းကို အနည်း နှင့် အများခံစားရကြပါတယ်။ အဲလို အခြေ အနေမျိုး တွင်လည်း အစ္စလာမ်သာနာတော်မှာ ဆာလောင်မွတ်သိပ် လျင် ဝတ်ပြုရသည့် နမာဇ် ကို သင်ကြား ပေး ထားပါတယ်။
ရှီအဟ်မုန်းတီးရေး ဝါဒီများ ၊ ဝဟာဘီများ သည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေး နှင့် အေမာမ် ဟိုစိုင်းန် (အ.စ)၏ ရှဟာဒသ် အပေါ် ဝမ်းနည်းခြင်း၊ မာသမ် ပြုခြင်း နှင့် ပတ်သက်သော သံသယ ဖြစ်ဖွယ် စကားများ အမြဲ ဆိုလေ့ ရှိပါတယ်။ အဆိုပါ သံသယဖြစ်ဖွယ် စကားများထဲမှတစ်ခုမှာ အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ဝမ်းနည်း ခြင်း ၊ မာသမ် ပြုခြင်း ၊ အဇါဒါရီပြုခြင်း အား ဟရာမ် ဖြစ်ကြောင်း ၊ဗေဒအသ် ဖြစ်ကြောင်း ဆွဟာဗဟ်တွေကို မကောင်းပြောလို့ မအာ ဇလ္လာဟ် အလ္လာဟ် ဘက်မှ ပြစ်ဒဏ် အဖြစ် ရှီအဟ်တွေ မာသမ် ပြုနေရကြောင်း စသည် ဖြစ် စွပ်စွဲပြောဆိုကြပါတယ်။