
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
- လုံခြုံရေးကောင်စီတွင် ဆွေးနွေးရမည့်အကြောင်းအရာမဟုတ်ဟု မြန်မာတုံ့ပြန်
- ကြားဖြတ်အစီအမံများကို လိုက်နာရန် အီးယူတိုက်တွန်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အပြည်ပြည်ဆိုင် ရာတရားရုံး (ICJ) ၏ အမိန့်ကို မြန်မာနိုင်ငံ လိုက်နာရေးကြေညာချက်ထုတ်ပြန်ရန် ကြိုးပမ်းခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီချက်မရခဲ့ကြောင်း The Daily Mail သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။
ကုလလုံခြုံရေးကောင်စီသည် မြန်မာအရေးနှင့်ပတ်သက် ၍ ဖေဖော်ဝါရီ ၄ ရက်တွင် တံခါးပိတ်အစည်းအဝေးပြုလုပ်ပြီး တရုတ်နှင့် ဗီယက်နမ်နိုင်ငံ၏ ကန့် ကွက်မှုကြောင့် ဘုံသဘောတူညီ ချက်မရခဲ့ကြောင်း သံတမန်များ ကိုကိုးကား၍ အထက်ပါသတင်း ဌာနက ဖော်ပြသည်။
‘‘ကျွန်တော်တို့ကတော့ ကု လသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာကိစ္စဆွေးနွေးတာကို သ ဘောမတူဘူး။ ဘာလို့သဘောမ တူတာလဲဆိုတော့ ကျွန်တော်တို့ ကိစ္စက ဆွေးနွေးရမယ့်ကိစ္စမ ဟုတ်ဘူး။ ကျွန်တော့်တို့အခြေအ နေက ဆွေးနွေးရမယ့်အခြေအနေ မှာမရှိဘူး’’ဟု နိုင်ငံခြားရေးဝန် ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်း အေးက လုံခြုံရေးကောင်စီ၏ တံခါးပိတ်ဆွေးနွေးပွဲအပေါ် မှတ် ချက်ပြုသည်။
ICJ ကိစ္စသည် ဥပဒေလမ်း ကြောင်းအရ သွားနေခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် မြန်မာထက် ပိုမို ဆိုးရွားသည့် အခြေအနေများစွာရှိ သော်လည်း ယင်းသို့မြန်မာ့အရေး ကို တံခါးပိတ်ဆွေးနွေးခြင်းသည် ရည်ရွယ်ချက်ရှိစွာဖိအားပေးချင် ၍ဖြစ်ကြောင်း အထက်ပါနိုင်ငံ ခြားရေးတာဝန်ရှိသူက သုံးသပ် သည်။
‘‘ပုံမှန်ကတော့ ICJ ဆုံးဖြတ် ချက်က ကုလလုံခြုံရေးကောင်စီ ကိုပုံမှန်ပို့နေကျ။ ပြီးတော့မှ မြန်မာရဲ့ ဆောင်ရွက်ချက်အပေါ် မှာ မူတည်ပြီးတော့မှ ပြန်ပြီးသုံး သပ်ကြမှာလေ။ အခုလိုမျိုးလတ် တလော အရေးပေါ်ချမှတ်ဖို့၊ ဒီကိစ္စဆွေးနွေးဖို့ဆိုတာ ဆွေးနွေး ဖို့မသင့်ဘူး’’ဟု ဦးချမ်းအေးကဆို သည်။
ကုလလုံခြုံရေးကောင်စီ၌ ဆွေးနွေးမည့် အကြောင်းအရာအ ပေါ် အဖွဲ့ဝင်နိုင်ငံများက ကန့် ကွက်ခွင့်မရှိသော်လည်း ရလဒ် ထွက်ပေါ်မလာစေရေးကန့်ကွက် ခွင့်ရှိကြောင်းနှင့် ကန့်ကွက်သည့် နိုင်ငံရှိသည့်အတွက်လည်း ရလဒ် ထွက်ပေါ်မလာခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘တမင်တကာ ဖိအားပေး ချင်တဲ့ပုံစံနဲ့ လုပ်နေတဲ့အတွက် ဘာမှအကျိုးမရှိပါဘူး’’ဟု ဦးချမ်း အေးကဆိုသည်။
အထက်ပါ တံခါးပိတ်ဆွေး နွေးပွဲတွင် မြန်မာဘက်ကရပ်တည် ခဲ့သည်ဆိုသော တရုတ်သည် ဗီတိုအာဏာပိုင်ဆိုင်သော အမြဲ တမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဗီယက် နမ်သည် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။
သို့သော်ကောင်စီ၏ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် အက်စ်တိုးနီးယားတို့က သီးခြား ပူးတွဲကြေညာချက် ထုတ်ပြန်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် တာဝန်ခံမှုရှိစေရေး တ ရားမျှတမှုရှိရန် ယုံကြည်စိတ်ချ ရသည့် ဆောင်ရွက်ချက်များပြု လုပ်ရန် တောင်းဆိုခဲ့သည်။ ထို့အ ပြင် ကြားဖြတ်အစီအမံများကို လိုက်နာရန် ဥရောပသမဂ္ဂကိုယ် စား အက်စ်တိုးနီးယား သံအမတ် ကြီးက တိုက်တွန်းခဲ့ကြောင်း လည်း VOA သတင်းဌာနတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနှင့်ပတ်သက်၍ အပြည် ပြည်ဆိုင်ရာတရားရုံးက မြန်မာ အပေါ် ကြားဖြတ် စီမံဆောင်ရွက် ချက်လေးခုကို လုပ်ဆောင်ရန် ဇန်နဝါရီ ၂၃ ရက်တွင် ချမှတ်ခဲ့ သည်။
====================================
END / 251