၃၁ အောက်တိုဘာ ၂၀၂၆ - ၁၄:၅၆
ဥရောပ ဗဟိုဘဏ် ဥက္ကဋ္ဌ ခရစ္စတင်း လာဂါ့ဒ် သက်တမ်းမကုန်ဆုံးမီ ရာထူးမှ နုတ်ထွက်မည်

ဥရောပဗဟိုဘဏ် (ECB) ဥက္ကဋ္ဌ ခရစ္စတင်း လာဂါ့ဒ် သည် ၎င်း၏ ရာထူးသက်တမ်းမကုန်ဆုံးမီ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ကြေညာခဲ့ပါတယ်။ ယင်းဆုံးဖြတ်ချက်သည် ငွေကြေးမူဝါဒဆိုင်ရာ ကိစ္စရပ်များအပြင် အခြားသော ကမ္ဘာ့ရေးရာများကိုပါ ပိုမိုလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ရုပ်မြင်သံကြားဌာန(IRIB)၏ အစီရင်ခံစာအရ ဥရောပဗဟိုဘဏ် (ECB) ဥက္ကဋ္ဌ ခရစ္စတင်း လာဂါ့ဒ်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစတင်၍ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ မူလရာထူးသက်တမ်းမှာ ၂၀၂၇ ခုနှစ် အောက်တိုဘာလတွင် ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် သက်တမ်းမကုန်ဆုံးမီ ကိုးလခန့်အလိုတွင် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

လာဂါ့ဒ်က ရာထူးမှ စောစီးစွာ နုတ်ထွက်ရခြင်း၏ အကြောင်းရင်းမှာ ဥရောပဗဟိုဘဏ်၏ တာဝန်ဝတ္တရားများအရ လိုက်နာရသည့် ကြားနေမှုဆိုင်ရာ စည်းမျဉ်းများကြောင့် ငွေကြေးမူဝါဒနှင့် သက်ဆိုင်ခြင်းမရှိသော အခြားကိစ္စရပ်များအပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရန် အခက်အခဲရှိနေခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

၎င်းက ဥရောပဗဟိုဘဏ်အနေဖြင့် လွတ်လပ်စွာ ရပ်တည်နိုင်ရေးအတွက် ကြားနေမှုကို ထိန်းသိမ်းရန် လိုအပ်ကြောင်းနှင့် ယင်းသည် ဘဏ်၏ လွတ်လပ်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးတစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် ကမ္ဘာ့ရေးရာများနှင့်ပတ်သက်၍ မိမိ၏ အမြင်နှင့် အသံကို ပိုမိုထုတ်ဖော်ပြောဆိုလိုကြောင်း၊ မိမိအနေဖြင့် အမှန်တရားကို စိတ်ဝင်စားပြီး အမှန်တရားသည် မကြာခဏ လွဲမှားစွာ ဖော်ပြခံနေရသည်ဟု ယူဆကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

တစ်ဖက်တွင် လာဂါ့ဒ်က ၎င်း၏ နုတ်ထွက်မှုကြောင့် ဥရောပဗဟိုဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများ ထိခိုက်မည်မဟုတ်ကြောင်း အာမခံခဲ့ပြီး ၎င်း၏နေရာတွင် အစားထိုးတာဝန်ယူမည့်သူကို ရွေးချယ်ရေးလုပ်ငန်းစဉ် စတင်နေပြီဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha