၁ နိုဝင်ဘာ ၂၀၂၆ - ၀၁:၅၆
အစ္စလာမ်နှင့် ခရစ်ယာန် အမျိုးသမီးသုတေသီများ ပူးတွဲစာအုပ်ထုတ်ဝေ

အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာဝင် အမျိုးသမီးသုတေသီ ၇ ဦး ပူးပေါင်းရေးသားထားသည့် «မြင့်မြတ်သော ပဋိညာဉ်၊ အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာတွင် မိသားစုကျင့်ဝတ်ဆိုင်ရာ လေ့လာချက်များ» (A Sacred Covenant: Essays on Family Ethics in Islam and Christianity) စာအုပ်ကို ထုတ်ဝေခဲ့ပြီး အမေရိကန်၊ ဥရောပနှင့် ဩစတြေးလျနိုင်ငံတို့၏ စာအုပ်ဈေးကွက်များသို့ ဖြန့်ချိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဤစာအုပ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ကနေဒါနိုင်ငံ၌ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။ ယင်းစာအုပ်သည် မိသားစုကျင့်ဝတ်နှင့် ဘာသာပေါင်းစုံ ဆွေးနွေးမှုနယ်ပယ်တွင် မွတ်စလင်မ် နှင့် ခရစ်ယာန်အမျိုးသမီးများအကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသော နမူနာတစ်ခုဖြစ်ပါတယ်။

ဤစာအုပ်၏ ထူးခြားချက်မှာ ဘာသာရေးနှင့် ယဉ်ကျေးမှုနယ်နိမိတ်များကို ကျော်လွန်ကာ အမျိုးသမီးသုတေသီများ ပူးပေါင်းဖွဲ့စည်းထားသည့် ပညာရပ်ဆိုင်ရာ အဖွဲ့တစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

သုတေသီ ၇ ဦးသည် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ မိခင်ဘဝ၊ အိမ်ထောင်ရေး၊ ကိုယ်ကျင့်တရားစောင့်ထိန်းမှု၊ သားသမီးပြုစုပျိုးထောင်ရေးနှင့် မျက်မှောက်ခေတ် မိသားစုများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို မတူညီသော ရှုထောင့်များမှ ဆွေးနွေးတင်ပြထားကြပါတယ်။

စာအုပ်တွင် ပါဝင်ရေးသားခဲ့ကြသူများမှာ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး စိန့်သောမတ်စ် အကွီနပ်စ် တက္ကသိုလ်မှ ကက်သလစ်ဓမ္မပညာရှင် နှင့် ပါမောက္ခ ဂျာစင်တာ ဗီဂတ်စ်၊ ရုရှားနိုင်ငံ ကာဇန် အော်သိုဒေါက်စ် ဓမ္မပညာကျောင်းမှ ပါမောက္ခ အယ်လီနာ ဆာဂျင် ရိုဂါတီနာ၊ ဆားဘီးယားနိုင်ငံမှ အော်သိုဒေါက်စ် ခရစ်ယာန်ဘာသာ သုတေသီ မာရီယာ စတာအီချ်နှင့် အီရန်နိုင်ငံမှ အစ္စလာမ်ဘာသာနှင့် မိသားစုလေ့လာရေး သုတေသီများဖြစ်ကြသည့် နရ်ဂျစ် ရူဒ်ဂါ ၊ ဆယက်ဒ်ဒဟ် ဖွာတ္မေဟ် အဲဟ်မဒ်ဒီ ၊ မရ်ယန်းမ် ဆဟ်ဖာဖ် နှင့် ရာဇီယေ  ရှိုမလီတို့ ဖြစ်ကြပါတယ်။

အဆိုပါစာအုပ်ကို အစ္စလာမ် နှင့် ခရစ်ယာန်ဘာသာတို့၏ ကျင့်ဝတ်ဆိုင်ရာ နှိုင်းယှဉ်လေ့လာမှု ဒုတိယအကြိမ် နိုင်ငံတကာညီလာခံ၏ နောက်ဆက်တွဲအဖြစ် အစ္စလာမ်သိပ္ပံ နှင့် ယဉ်ကျေးမှုသုတေသနဌာန၏ ဦးဆောင်မှုဖြင့် ပြုစုထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။

ထို့အပြင် အီရန်၊ အီတလီ၊ ရုရှားနှင့် ဆားဘီးယားနိုင်ငံတို့မှ ပညာရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ကြပြီး ပုပ်ရဟန်းမင်းကြီး စိန့်သောမတ်စ် အကွီနပ်စ် တက္ကသိုလ်၊ ရုရှားနိုင်ငံ ကာဇန် အော်သိုဒေါက်စ် ဓမ္မပညာကျောင်း၊ မော်စကိုမြို့ရှိ အိဗ်နေစီနာ အင်စတီကျုနှင့် အစ္စလာမ်၊ခရစ်ယာန် ဆွေးနွေးရေးအဖွဲ့တို့၏ အမှတ်တံဆိပ်များကိုလည်း စာအုပ်နောက်ဖုံးတွင် ဖော်ပြထားပါတယ်။

စာအုပ်ထုတ်ဝေပြီးနောက် အမေရိကန်နိုင်ငံရှိ Amazon၊ Walmart နှင့် ThriftBooks၊ ဩစတြေးလျနိုင်ငံရှိ Readings၊ ဆွစ်ဇာလန်နိုင်ငံရှိ Orell Füssli နှင့် အီတလီနိုင်ငံရှိ IBS အပါအဝင် နိုင်ငံတကာစာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူခြင်းနှင့် မှာယူခြင်းများ ပြုလုပ်နိုင်ရန် စာရင်းသွင်းဖော်ပြထားပါတယ်။

ဤစာအုပ်၏ အရေးပါမှုမှာ မွတ်စလင်မ် နှင့် ခရစ်ယာန်အမျိုးသမီးများကို ဘာသာရေးလေ့လာမှု၏ သုတေသနအကြောင်းအရာများအဖြစ်သာမက ကိုယ်ပိုင်အတွေးအခေါ်နှင့် အမြင်များကို တင်ပြနိုင်သည့် ပညာရှင်များ၊ ဘာသာပေါင်းစုံ ဆွေးနွေးမှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သူများအဖြစ် ဖော်ထုတ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ ထို့အပြင် ဘာသာရေးအစဉ်အလာနှစ်ရပ်၏ တူညီသောတန်ဖိုးများကို အသုံးချကာ မိသားစုဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားပါတယ်။

အဆိုပါစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ကနေဒါနိုင်ငံ၌ ထုတ်ဝေခဲ့ပြီး ISBN နံပါတ်မှာ 9781778990632 ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha