၁ နိုဝင်ဘာ ၂၀၂၆ - ၀၂:၁၃
တော်လှန်ရေးခေါင်းဆောင်ကြီး ၏ အဆင့်မြင့်စစ်ဘက်ကွပ်ကဲရေးမှူးများအား အရေးကြီးညွှန်ကြားချက်များ

အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး (ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ) သည် အဆင့်မြင့်စစ်ဘက်ကွပ်ကဲရေးမှူးများ နှင့် တွေ့ဆုံစဉ် ရန်သူ၏ ခြိမ်းခြောက်မှုတိုင်းကို ချက်ချင်းတုံ့ပြန်ရန်နှင့် ပထဝီဝင်နယ်နိမိတ် ကန့်သတ်ချက်မရှိဘဲ တုံ့ပြန်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး (ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ)  ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် အီရန် လက်နက်ကိုင်တပ်ဖွဲ့များ၏ အဆင့်မြင့်ကွပ်ကဲရေးမှူးများနှင့် တွေ့ဆုံစဉ် စစ်ရေးအသင့်အနေအထားရှိမှု၊ ပစ်မှတ်စာရင်းများကို ခေတ်မီအောင် ပြုပြင်မွမ်းမံမှုနှင့် ရန်သူ၏ ခြိမ်းခြောက်မှုမှန်သမျှကို ချက်ချင်းထိရောက်စွာ တုံ့ပြန်နိုင်ရေးတို့ကို အလေးထား မိန့်ကြားခဲ့ပါတယ်။

အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး (ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ)  ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ  နှင့် တွေ့ဆုံခဲ့ကြပါတယ်။

ထိုတွေ့ဆုံမှုတွင် တော်လှန်ရေးခေါင်းဆောင်ကြီးက ရန်သူများကို အပြည့်အဝ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် “ပညာသားပါသော စစ်ရေးပြင်ဆင်မှု” ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ထားခြင်းသည် ရန်သူ၏ ကျူးကျော်တိုက်ခိုက်မှုကို ဟန့်တားနိုင်စွမ်းရှိရန် မဖြစ်မနေလိုအပ်သည့် အချက်တစ်ခုဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ 

ထို့အပြင် အဆင့်အတန်းနှင့် အမျိုးအစားမရွေး ရန်သူ၏ ခြိမ်းခြောက်မှုတိုင်းကို ချက်ချင်းထိရောက်စွာ တုံ့ပြန်ရန် ညွှန်ကြားခဲ့ပြီး ယင်းတုံ့ပြန်မှုတွင် ပထဝီဝင်နယ်နိမိတ်ဆိုင်ရာ ကန့်သတ်ချက်တစ်စုံတစ်ရာ မရှိစေရဟုလည်း အလေးပေးမိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ က ရန်သူများအနေဖြင့် စစ်ရေးတိုက်ခိုက်မှုများ သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုများကို ထပ်မံစတင်လာပါက ထိုတိုက်ခိုက်မှုများကို မည်သည့်အချိန်တွင်၊ မည်သို့သော အခြေအနေမျိုး၌ အဆုံးသတ်မည်ဆိုသည်ကို အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အီရန်၏ လက်နက်ကိုင်တပ်ဖွဲ့များ နှင့် အီရန်ပြည်သူများကိုယ်တိုင် ဆုံးဖြတ်သတ်မှတ်မည်ဖြစ်ကြောင်း ရှင်းလင်းမိန့် ကြားခဲ့ပါတယ်။

တပ်မတော်ဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဖွဲ့စည်းပုံများကို ပိုမိုခိုင်မာအားကောင်းစေရန်၊ “စစ်ရေးအယူဝါဒ” (Doctrine) နှင့် “စစ်ဆင်ရေးနည်းဗျူဟာများ” (Tactics) ဟူသော နယ်ပယ်နှစ်ခုစလုံးတွင် ပြည်တွင်းကာကွယ်ရေးစွမ်းရည်များကို ပိုမိုနက်ရှိုင်းခိုင်မာလာစေရန်လည်းခေါင်းဆောင်ကြီး က တိုက်တွန်းမိန့်ကြား ခဲ့ပါတယ်။

ထို့အပြင် ခေတ်မီနည်းပညာများကို အသုံးချ၍ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ နောက်ဆုံးပေါ်စွမ်းရည်များကို မြှင့်တင်ဖွံ့ဖြိုးစေရန်၊ စိတ်ဓာတ်ခွန်အားနှင့် ဂျေဟာဒ် စိတ်ဓာတ်ကို ပိုမိုခိုင်မာစေရန်လည်း အလေးထားမိန့်ကြားခဲ့ပါတယ်။

၎င်းအပြင် လက်နက်ကိုင်တပ်ဖွဲ့များ၏ နေ့စဉ်ဘဝအတွက် လိုအပ်သော ပစ္စည်းများနှင့် အထောက်အပံ့များ ဖြည့်ဆည်းပေးရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါတယ်။ 

တော်လှန်ရေးခေါင်းဆောင်ကြီး၏ အခြားညွှန်ကြားချက်တစ်ခုမှာ ပစ်မှတ်စာရင်း (Target Bank) ကို ခေတ်မီအောင် ပြုပြင်မွမ်းမံရန်ဖြစ်ပါတယ်။  ယင်းသို့ ပြုပြင်ရာတွင် အမေရိကန်နှင့် သိမ်းပိုက်ရေးဝါဒီ ဇီယွန်ဝါဒီရန်သူတို့၏ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာနှင့် ရုပ်ဝတ္ထုပစ္စည်းမဟုတ်သော ပိုင်ဆိုင်မှု၊ အရင်းအမြစ်များ အားလုံးကို အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ်မှတ်စာရင်းအတွင်း ထည့်သွင်းထားနိုင်ရန် ဆောင်ရွက်ရမည်ဟု ညွှန်ကြားခဲ့ပါတယ်။

အီရန်ကို ရန်လိုနေသော နိုင်ငံခြားအင်အားစုများနှင့် ၎င်းတို့၏ ပြည်တွင်းလက်ပါးစေများကို ရင်ဆိုင်ရာတွင် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် ပြည်သူလူထု၏ ထောက်ခံမှုသည် ရန်သူကို ဟန့်တားနိုင်စွမ်း (Deterrence) ၏ အခြေခံမဏ္ဍိုင်များအနက် တစ်ခုဖြစ်ကြောင်းခေါင်းဆောင်ကြီး က ပြောကြားခဲ့ပါတယ်။

ထို့အပြင် ပြည်သူများသည် ရှစ်လတာကာလအတွင်း နယ်ပယ်အသီးသီးတွင် အဆက်မပြတ် ပါဝင်ရပ်တည်ခဲ့ခြင်းသည် ရှစ်နှစ်ကြာ ဆင်နွှဲခဲ့သည့် “မြင့်မြတ်သော ကာကွယ်ရေးစစ်ပွဲ” ၏ အဆက်အဆက်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပြည်သူများသည် စစ်တပ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဗစီးဂျ်တပ်ဖွဲ့များ၏ မဆုတ်မနစ်ခိုင်မာသော ရပ်တည်မှုများနှင့်အတူ အီရန်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲရေး နှင့် အစ္စလာမ်မစ် စနစ်ကို ကာကွယ်ထိန်းသိမ်းခဲ့ကြပြီး အနာဂတ်တွင်လည်း ဆက်လက်ကာကွယ်သွားကြမည်ဖြစ်ကြောင်း အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီက ဆိုပါတယ်။

အစ္စလာမ္မစ်တော်လှန်ရေးခေါင်းဆောင်ကြီးသည် နိုင်ငံအသီးသီးရှိ ကြံ့ကြံ့ခံ ခုခံတော်လှန်ရေးအင်အားစုများ၏ ပညာသားပါသော ဇွဲရှိရှိရပ်တည်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။

ထို့အပြင် စစ်ရေး၊ နိုင်ငံရေးနှင့် အခြားနယ်ပယ်အသီးသီး၏ စည်းလုံးညီညွတ်မှုသည် အဆုံးအဖြတ်ပေးနိုင်သော အချက်တစ်ခုဖြစ်ပြီး အနောက်အာရှဒေသတွင် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ စနစ်သစ်တစ်ရပ် ပေါ်ပေါက်လာရေးအပေါ် မဟာဗျူဟာမြောက် သက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ယင်းစနစ်သစ်သည် အစ္စလာမ်မစ် နိုင်ငံများနှင့် အစိုးရများအကြား စည်းလုံးညီညွတ်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ပြီး အစ္စလာမ်မစ် ယဉ်ကျေးမှုသစ်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် လမ်းခင်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဗ်ဒိုလ်အေလာဟီ ၊ အီရန်ကြည်းတပ်၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဟာသေမီနှင့် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဝါဟေဒီ တို့ကလည်း အီရန်နိုင်ငံ၏ ကာကွယ်ရေးတာဝန်ယူထားသော တပ်ဖွဲ့များ၏ အသင့်အနေအထားနှင့်ပတ်သက်သည့် အစီရင်ခံစာများကို တော်လှန်ရေးခေါင်းဆောင်ကြီးထံ တင်ပြခဲ့ကြပါတယ်။

ယင်းအစီရင်ခံစာများတွင် ပါရှန်းပင်လယ်ကွေ့ ကမ်းရိုးတန်းဒေသများ၊ ဟော်မုဇ်ရေလက်ကြားရှိ စစ်ရေးနယ်မြေများ၊ အိုမန်ပင်လယ်နှင့် နိုင်ငံ၏ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်း နယ်စပ်ဒေသများ၌ တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့များ၏ အသင့်အနေအထားများ ပါဝင်ခဲ့ပါတယ်။

ထို့အပြင် ခဲယမ်းမီးကျောက်အမျိုးမျိုးနှင့် စောင့်ကြည့်ရေး၊ အထောက်အကူပြုရေး၊ စစ်ဆင်ရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုသည့် လက်နက်ပစ္စည်းများ ထုတ်လုပ်မှုကို အဆများစွာ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ကြောင်းလည်း အစီရင်ခံတင်ပြခဲ့ကြပါတယ်။

အစ္စလာမ္မ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီးသည် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများအပေါ် ကျေနပ်အားရမှုရှိကြောင်း ဖော်ပြခဲ့ပြီး အဆင့်မြင့်စစ်ဘက်ကွပ်ကဲရေးမှူးများအား ၎င်း၏ ကျေးဇူးတင်ရှိမှုနှင့် ကျေနပ်အားရမှုခံစားချက်များကို စစ်ဘက်တပ်ဖွဲ့များ၊ အုပ်ချုပ်ရေးဆိုင်ရာတပ်ဖွဲ့များ၊ ဗစီးဂျ်တပ်ဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များထံသို့ပါ ပို့ဆောင်ပေးရန် မိန့်ကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha