အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် ဝါရင့် နိုင်ငံရေးအရာရှိ လည်းဖြစ် သင်္ချာပညာရှင် တစ်ပါးလည်း ဖြစ်သည့် မိုဟမ္မဒ် ဂျဝါဒ် လာရီဂျာနီကက အီရန်၏ နျူကလီးယားစွမ်းရည်နှင့်ပတ်သက်၍ ပြောကြားရာတွင် အဏုမြူဗုံးတစ်လုံး ထုတ်လုပ်ခြင်းသည် ၎င်းတို့အတွက် ကစားစရာတစ်ခုလို လွယ်ကူကြောင်း ပြောဆိုခဲ့ပါတယ်။
၎င်းက အီရန်နိုင်ငံသည် နျူကလီးယားလုပ်ငန်းနယ်ပယ်တွင် ပါကစ္စတန်၊ အိန္ဒိယနှင့် အစ္စရေးတို့ထက်ပင် ပိုမိုရှေ့ရောက်နေကြောင်းလည်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အဆိုပါပြောဆိုချက်များသည် အီရန်၏ နျူကလီးယားနည်းပညာနှင့် စွမ်းရည်အပေါ် မည်မျှ အထိ ယုံကြည်မှု ရှိနေပြီ ဖြစ်ကြောင်း ကို ဖော်ပြနေခြင်းဖြစ်ပါတယ်။
နောက် အီရန် ပြည်သူလူထု ၇၀ ရာခိုင် နှုန်းကျော်ကလည်း အောက်တိုဘာလ ၃၀ ရက်နေ့ ၂၀၂၆ ခုနှစ် သောကြာနေ့ တွင် မိမိတို့ နိုင်ငံ အတွက် ဏုမြူဗုံးထုတ်လုပ်ခွင့်ပြုပေးရန် အစ္စလာမ်မစ် တော်လှန်ရေး ခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ထံ မေတ္တာ ရပ်ခံ ခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment