၃၁ အောက်တိုဘာ ၂၀၂၆ - ၁၅:၁၉
အီရန်ကို ခြိမ်းခြောက်နေမှုများ ရပ်တန့်ရန် အမေရိကန်နှင့် အစ္စရေးကို အိုမန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် ဗဒ်ရိုလ် ဘူစအီဒီ က ဒေသတွင်း၌ နောက်ထပ် စစ်ရေး အသစ်တစ်ခုခု ပြုလုပ်လာပါက ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး ပါရှန်ပင်လယ်ကွေ့၏ လုံခြုံရေးတာဝန်ကို ဒေသတွင်းနိုင်ငံများက ကိုယ်တိုင်တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် ဗဒ်ရိုလ် ဘူစအီဒီ က အမေရိကန် နှင့် အစ္စရေးနိုင်ငံတို့အနေဖြင့် အီရန်နိုင်ငံအပေါ် ခြိမ်းခြောက်မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ Channel 4 ရုပ်သံလိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဆယက်ဒ် ဗဒ်ရိုလ် ဘူစအီဒီ က ပါရှန်ပင်လယ်ကွေ့၏ လုံခြုံရေးကို ဒေသတွင်းနိုင်ငံများက ကိုယ်တိုင်အာမခံသင့်ပြီး ယင်းရည်ရွယ်ချက်အတွက် ပြင်ပအင်အားကြီးနိုင်ငံများအပေါ် မှီခိုအားထားခြင်း မပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဒေသတွင်းရှိ အခြားနိုင်ငံများအနေဖြင့်လည်း ပထဝီဝင်အနေအထားအရ ၎င်းတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်စပ်လျက်ရှိကြောင်း၊ အီရန်နိုင်ငံသည်လည်း ထိုပထဝီဝင်ဆိုင်ရာ အမှန်တရား၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နားလည်လာကြမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

အိုမန်နိုင်ငံခြားရေးဝန်ကြီးက ပါရှန်ပင်လယ်ကွေ့အတွင်း လက်ရှိကျင့်သုံးနေသော လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ပြောင်းလဲရန်နှင့် လုံခြုံရေးမူဘောင်အသစ်တစ်ရပ် ဖွဲ့စည်းရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

၎င်း၏အဆိုအရ လုံခြုံရေးစနစ်သစ်တွင် အမေရိကန်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချသင့်ပြီး ဒေသတွင်းနိုင်ငံများက မိမိတို့၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha