အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က တီဟီရန် နှင့် မတ်စကတ် ဆက်ဆံရေး ကို တိုးတက် သောဆက်ဆံရေးအဖြစ် ဖော်ပြခဲ့ပြီး အိုမန်ပြည်သူများကို ကျွန်ုပ်တို့၏ ညီအစ်ကိုများ အဖြစ် သတ်မှတ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဗ်နာ ။ ။ အိုမန်နိုင်ငံ မြောက်ပိုင်း အလ်ဗာသွနဟ် ပြည်နယ် ဆွဟ်မ် မြို့ရှိ အေမာမ် ဟစန် (အ.စ) အေမာမ် ဘာရာ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက် အများအပြား (ရှီအဟ် မွတ်စလင်မ်များ) တက်ရောက်ကြပြီး အေမာမ် ရေဇာ (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာ အထိမ်းအမှတ် အဖြစ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။