အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIB သတင်းအေဂျင်စီ၏ အဆိုအရ အိုမန်နိုင်ငံ ဘုရင် ဟိုင်စမ် ဘင်န် သွာရီက် နှင့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ တို့သည်ဒေသတွင်း နောက်ဆုံး ဖြစ်ပေါ် နေသော အခြေအနေများ၊ ဒေသ တွင်း ပဋိပက္ခများကို အဆုံးသတ်နိုင်ရန် ပြုလုပ်နေသော ကြားခံဆွေးနွေး ညှိနှိုင်းမှုများနှင့် ကြိုးပမ်း မှုများ တို့အပေါ် အမြင် ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲတွင် အိုမန် ဘုရင် အား အီရန်ဘက်မှ ယခုအခြေအနေများအပေါ် ထားရှိသည့် အမြင်များကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။
ထို့ပြင် ဘုရင် ဟိုင်စမ် ဘင်န် သွာရီက် ကလည်းတည်ငြိမ်ပြီး နိုင်ငံရေးအရ တည်တံ့ခိုင်မြဲသော ဖြေရှင်းချက်များ ရရှိနိုင်ရန် ကြိုးပမ်းမှုများကို မည်သို့ ဆက်လက်တိုးတက်စေမည်ဆိုသည့် အမြင်များ ယင်းအကျပ် အတည်းများ ကြောင့် ဒေသပြည်သူများ ခံစားရသည့် သက်ရောက်မှုများကို မည်သို့ ရင်ဆိုင်မည်ဆိုသည့် အချက်များကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
အိုမန်ဘုရင် က ထပ်မံ၍ ပြဿနာများ ဖြေရှင်းရာတွင် ဆွေးနွေးညှိနှိုင်းမှုနှင့် ဒိပ်လိုမက်စီကို အရေးပေးခြင်း၏ အရေးပါမှု ကို အလေးထားပြောကြားခဲ့ပြီး၊ ယင်းသည် ငြိမ်းချမ်းရေးအခြေခံအုတ်မြစ်များကို ခိုင်မာစေကြောင်း ပြောကြားခဲ့ပါတယ်။
ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ကလည်း ဒေသတွင်း လက်ရှိစိန်ခေါ်မှုများအောက်တွင် ဆွေးနွေးညှိနှိုင်းမှုနှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ထောက်ခံအားပေးသော အိုမန်နိုင်ငံ၏ ရပ်တည်ချက်များ အတွက် ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment