၂၀ နိုဝင်ဘာ ၂၀၂၅ - ၀၀:၃၅
အီရန် နှင့် အိုမန်ဆက်ဆံရေး စဉ်ဆက်မပြတ်တိုးတက်နေ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က တီဟီရန် နှင့် မတ်စကတ် ဆက်ဆံရေး ကို တိုးတက် သောဆက်ဆံရေးအဖြစ် ဖော်ပြခဲ့ပြီး အိုမန်ပြည်သူများကို ကျွန်ုပ်တို့၏ ညီအစ်ကိုများ အဖြစ် သတ်မှတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန ၏ အစီရင်ခံစာ အရ သံတမန်ခန့်အပ်လွှာများ လက်ခံရရှိပြီးနောက် အိုမန်သံ အမတ်ကြီး အသစ် နှင့် အတိုချုံးစကားပြောဆိုစဉ် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ   ဒေါက်တာ မတ်စ် အူဒ် ဘေဇစ်ရှ် ဂီယန်း က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အီရန်သမ္မတက နှစ်နိုင်ငံဆက်ဆံရေးသည် ခိုင်မာပြီး မျှော်မှန်းချက်ကြီးမားစွာဖြင့် ဆက်လက်တည်ရှိနေမည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးအဆင့်အပေါ် ကျေနပ်အားရမှုရှိကြောင်း ဖော်ပြရင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် အိုမန် ဆူလတန် နိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အမြင့်ဆုံးအဆင့်တွင် ရှိနေပြီး ၎င်းတို့ကို ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့စေရန် စိတ်အားထက်သန်နေကြောင်း ဒေါက်တာ မတ်စ် အူဒ် ဘေဇစ်ရှ် ဂီယန်း က ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha