အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Irna သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်နှင့် အမေရိကန်တို့ကြား သွယ်ဝိုက်သော နျူက လီးယား ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးမှုများ တွင် ကြားဝင်ဆောင်ရွက်နေသော အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် ဗဒ်ရိုလ် ဘူစအီဒီ (Badr Al-Busaidi) က ဆွေးနွေးညှိနှိုင်း မှုများကြား အီရန်အပေါ် အမေရိကန်နှင့် ဇီယွန်ဝါဒီ(အစ္စရေး) အစိုးရတို့၏ တိုက်ခိုက်မှုများကြောင့် မိမိ အနေဖြင့် အလွန်အမင်း တုန်လှုပ်သွားကြောင်း ပြောကြားခဲ့ပါတယ်။
အိုမန်နိုင်ငံခြားရေးဝန်ကြီးက လူမှုကွန်ရက် X (ယခင် တွစ်တာ) တွင် ပို့စ်တစ်ခုတင်ကာ ဤတိုက်ခိုက်မှုများသည် မိမိ ကို အလွန်ပြင်းထန်စွာ ထိခိုက်စေခဲ့ကြောင်း ဤတိုက်ခိုက်မှုများသည် စဉ်းစား ဆင်ခြင်စရာ နှင့် ထိရောက်သော ညှိနှိုင်း ဆွေးနွေးမှုများကို နောက်တစ်ကြိမ် ထိခိုက်စေခဲ့ကြောင်း ရေးသားခဲ့ပါတယ်။
၎င်းက ဤတိုက်ခိုက်မှုများသည် အမေရိကန်အတွက် အကျိုးမရှိသလို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း မကောင်းကြောင်း မိမိ ၏ပို့စ်တွင် ရေးသားထားပါတယ်။
ထို့အပြင် အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ အရေးပေါ် အစည်းအဝေး ကျင်းပ၍ စစ်ပွဲကို ရပ်ဆိုင်းရန် ကုလလုံခြုံရေးကောင်စီအား တောင်းဆိုလိုက်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment