၁၅ ဇွန် ၂၀၂၀ - ၁၇:၂၉
အီရန်နိုင်ငံ တွင် ဇွန်လ ၁၅ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၁၁၃ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါ နှင့်ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဇွန်လ ၁၅ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ ဇွန်လ ၁၅ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၂၄၄၉ဦး ဖြစ်ပြီး ၎င်းတို့အနက်မှ ၈၄၂ ဦးအား ဆေးရုံတင်ထားပြီး ဖြစ်ကြောင်း ၊၁၆၀၇ သီးမှ ပြင်ပ လူနာများ ဖြစ်ပြီး ၊လူနာသစ်များမှ လူနာဟောင်းများ နှင့်ထိတွေ့ မှုောကာင့် ကူးစက်လာကြောင်း ၊ ကိုရိုနာ ရောဂါသည်များ ၏ စုစုပေါင်း ရော ဂါသည်မှာ ၁၈၉၇၈၆ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၁၃ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၈၉၅၀ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၁၅၀၅၉၀ ဦးပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွား သည့် အတွက်နှင့် ဤ အစီအစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၂၇၆၅ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၁၂၆၉၁၉၄ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြောကြားသည်မှာ - အနောက် အာဇရ်ဘိုင်ဂျန် ၊ ခိုဇစ်စတန် ၊ ဂိုရ်ဒစ်စတန် ၊ ကေရ်မန်ရှာ ၊ စစ်သာန် ၊ ဗလိုဂျစ်စတန် နှင့် ဟိုရ်မွဇ်ဂန် ပြည်နယ်များ သည် စိုးရိမ် ရ ပြည်နယ်များ ဖြစ်နေ ကြောင်း ပြော ကြားခဲ့ပါတယ်။

ဒေါက်တာ စီမာ စာဒါသ် လာရီ မှ ဆက်လက်ပြီး ပြည်သူလူထု အနေဖြင့် မင်္ဂလာဆောင်း ပွဲများ ပြုလုပ်ခြင်း နှင့် အဇါဒါရီ အစီအစဉ်များ ပြုခြင်း ကို လုံးဝ မပြုကြပါရန် တိုက်တွန်း ပြောကြား ထားပါတယ်။ အကြောင်းမှာ ကိုရိုနာ ရောဂါ ကူးစက်သည့် အကြောင်းခံများ မှ ပြန့် ပွားစေသည့် အရေးကြီး အကြေင်းခံ တစ်ခု မှာ အထက်ဖော်ပြထားသည့် လူထု စုရုံး မှုကို အချို့ မြို့များတွင် ပြုလုပ် နေကြောင်း မင်္ဂလာဆောင်း တစ်ခုကြောင့် ပွဲတက်လာသူ ဧည့် သည် အ ယောက် ၁၂၀ ကိုရိုနာ ပိုး ကူးစက်ခံ သွားရကြောင်း ပြောကြားခဲ့ပါတယ်။

##################################################

END/ 251