အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ အသစ်တဖန် တိုးလာတာမို့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေမှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေးနဲ့ ကိုဗစ်-၁၉ စစ်ဆေးမှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။
စက်တင်ဘာ ၁၁ ရက်က တက်ခ်ခရိုင်အနောက်ပိုင်းမှာ ဒါဇင်နဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ တို့ဖတ်စစ်ဆေးမှု ခံယူနေပုံကို ဒေသရုပ်သံမီဒီယာက ထုတ်လွှင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ထိုင်းအာဏာပိုင်တွေဟာ နယ်စပ်နေထိုင်သူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မဖြစ်မနေ ကိုဗစ်-၁၉ စစ်ဆေးမှုတွေ လုပ်ခဲ့တာပါ။
ဒါ့အပြင် တရားမဝင် ဝင်ရောက်တာကို တားဆီးဖို့ ထိုင်းနယ်စပ်လုံခြုံရေး အာဏာ ပိုင်တွေက မြန်မာနိုင်ငံနဲ့ ထိစပ်တဲ့ ခရိုင် ၇ ခုမှာ ကုန်းလမ်းကနေ နယ်စပ်ဖြတ်ကူးတာနဲ့ စစ်ဆေး ရေးဂိတ်တွေကို ပိတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃,၄၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၈ ယောက် ရှိပါတယ်။
ထိုင်းနိုင်ငံဟာ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အနည်းဆုံးနိုင်ငံတွေထဲပါဝင်ပြီး အခု အခါ ပြည်တွင်းကန့်သတ်ချက်တွေကို ဖြေလျှော့ပေးထားတယ်လို့ ရိုက်တာသတင်းအရ သိရပါ တယ်။
**************************************
END / 251