၆ အောက်တိုဘာ ၂၀၂၀ - ၁၉:၀၈
ကမ္ဘာ့ နိုင်ငံပေါင်း ၂၆ နိုင်ငံ မှ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ အပေါ် ချမှတ် ထားသည့် ပိတ်ဆို့မှု များ ကို ရုပ်သိမ်း ပေးရန် တောင်းဆို

အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ မှ ကုလသမ္မဂ ၏ ၂၅ နိုင်ငံ နှင့် အတူ ပူးပေါင်း၍ ကြေညာချက် တစ်စောင် ကို ထုတ်ပြန့်ခဲ့ပါတယ်။ ထိုကြေညာချက်တွင် အမေရိကန် နိုင်ငံ ဘက် မှ တစ်ဖက် သတ် ပိတ်ဆို့ မှုများ ကို ချက်ချင်း ရုပ်သိမ်းပေးရန် တောင်းဆို ခဲ့ပါတယ်။ ထိုမှ သာ အီရန် နိုင်ငံ အနေဖြင့် ကိုရိုနာ ရောဂါ အား ရင်ဆိုင်တုက်ခိုက်ပြီး အောင်မြင် မည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

 

ကုလသမ္မဂ ၏ အထွေထွေ ညီလာခံ တွင် တရုတ် ကိုယ်စားလှယ် မှမိန့်ခွန်း ပြောကြားရင်း ကမ္ဘာ့ နိုင်ငံပေါင်း ၂၆ နိုင်ငံ မှ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ အပေါ် အမေရိကန် ၏ တစ်ဖက် သတ်ချမှတ် ထားသည့် ပိတ်ဆို့မှုများ ကို ရုပ်သိမ်း ပေးရန် တောင်းဆို ခဲ့ပါတယ်။

 

ပူးတွဲကြေညာ ချက် စာစောင် တွင် တစ်ကမ္ဘာလုံးဆိုင်ရာ စည်းလုံး ညီညွတ် မှု နှင့် နိုင်ငံ တကာ ပူးပေါင်း ဆောင်ရွက်မှုသည် ကိုရိုနာ ရောဂါ ကို ထိန်းချုပ် နိုင်ရန် အကောင်း တကာအကောင်းဆုံး လက်နက် ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။

 

ပူးတွဲကြေညာချက်တွင် ဆက်လက် ပါရှိသည်မှာ - ကျွန်ုပ်တို့ အနေဖြင့် ဤ အချိန်အခါ ကောင်းကို အသုံးချပြီး ပိတ်ဆို့ ထားမှု ကို အပြည့်အဝ ရုပ်သိမ်း ပေးရန် မေတ္တာ ရပ်ခံအပ်ပါတယ်။ ထိုမှသာကမ္ဘာ့ ညီနောင်များပူးပေါင်း၍ ကိုရိုနာ ရောဂါ ကို ရင်ဆိုင်တိုက်ခိုက် ပြီး အဆုံးသတ်နိုင်မှာ အသေအချာ ဖြစ် ကြောင်း ဖြစ်ပါတယ်။

 

မှတ်သားစရာ အချက်မှာ ကမ္ဘာ နိုင်ငံများ မှ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ အပေါ် ပိတ်ဆို့ ထားမှု များ ကို ရုပ် သိမ်း ပေးဖို့ မေတ္တာ ရပ်ခံ ခြင်းသည် ပထမဆုံး အကြိမ်မဟုတ်ချေ။ ကိုရိုနာ ရောဂါ မပြန့်ပွား မည် အလျှင် ကလည်း အကြိမ် ကြိမ် ကမ္ဘာ နိုင်ငံ များ မှ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ အပေါ် ပိတ်ဆို့ ထားမှု များ ကို ရုပ် သိမ်း ပေးဖို့ မေတ္တာ ရပ်ခံ တောင်းဆို ခဲ့ကြပြီး ဖြစ်ပါတယ်။

 

(ဒီတစ်ကြိမ် ခေါင်းမာလွန်လှသည့် အမေရိကန် နိုင်ငံ အနေဖြင့် နိုင်ငံပေါင်း ၂၆ နိုင်ငံ ၏ တောင်းဆို မေတ္တာ ရပ်ခံမှု အား လက်ခံပေးရန် ဘုရားသခင်ထံ တောင်းဆု ပြုပါတယ်။ )

*******************************

END / 251