အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
စူရဟ် နမ်လ် အကြောင်း သိကောင်းစရာအမည် - နမ်လ်
အဓိပ္ပာယ် - ပုရွက်ဆိတ်
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၁၈
နမ်လ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၃ ကြိမ်
နမ်လ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃ ကြိမ်
အစောင် - ၁၉ နှင့် ၂၀
ရကူအပိုဒ်တော်ပေါင်း - ၇
အာယသ်တော်ပေါင်း - ၉၃
စကားလုံးတော်ပေါင်း - ၁၁၆၂
အက္ခရာတော်ပေါင်း - ၄၇၉၅
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂၇ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း )
ကျရောက်သည့်အမှတ်စဉ် - ၄၈
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ရှိုအရာ
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ကဆွတ်ဆ်
ဤစူရဟ်၏ အခြားအမည်များ - ၁။ နမ်လ် ၂။ ဆိုလိုင်းမန် ၃။ သွာဆင်းန်
အမည့်ထွင်ရသည့်အကြောင်း - ပုရွတ်ဆိတ် ၏ ဖြစ်ရပ်မှန် အကြောင်း ပါသည့် အတွက် ကြောင့် ဖြစ်ပါတယ်။
ထူးခြားသည့်ကြင်အင်လက္ခဏာ - နှစ်ကြိမ် (بسم الله الرحمن الرحیم) လာရှိခြင်း ဖြစ်ပါတယ်။
အကျိုးအာနိသင် - မဟာတမန်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (صلی الله علیه وآله) မိန့်တော်မူသည်။
“စူရဟ်နမ်လ် သေလာဝသ်ပြုသူများအား ဟဇရသ် ဆိုလိုင်းမန် (علیه السّلام) ၊ ဟဇရသ် ဟူးဒ်(علیه السّلام)၊ ဟဇရသ် ဆွာလေဟ် (علیه السّلام) ၊ ဟဇရသ် ရှိုအိုက်ဗ် (علیه السّلام) နှင့် ဟဇရသ် အီဗရာဟီးမ် (علیه السّلام) တို့ အား ထောက်ခံသူများ ၊ လက်မခံသူများ ၏ အရေအတွက် ထက် ၁၀ ဆ ပို၍ အကျိုးစဝါးဗ် ရရှိ မည် ဖြစ်ပါတယ်။ ပြီးနောက် ကဗဲရ်မှ لااله الّا الله ဟုရွတ်ဖတ်ပြီး ထွက်လာပါမည်။ ”
(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ၇ ၊ စာမျက်နှာ ၃၆၁ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
******************************************
END / 251