၁၃ မေ ၂၀၂၅ - ၁၂:၃၂
အီရန် နိုင်ငံခြားရေးဝန်ကြီး သည်  ယူအေအီး  ဒုတိယဝန်ကြီးချုပ် ၊ ယူအေအီး  နိုင်ငံခြားရေးဝန်ကြီးတို့  နှင့် တွေ့ဆုံ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ယူအေအီး အကြီးတန်းအရာရှိများ ၊ မိမိ နှင့်ရာထူးတူ ယူအေအီး နိုင်ငံခြားရေးဝန်ကြီး တို့နှင့် ညှိနှိုင်း ဆွေးနွေး ပွဲပြုများပြုလုပ်ရန် မေလ ၁၂ရက်နေ့ ညနေပိုင်းတွင် အဘူဒါဘီ မြို့သို့ ရောက်ရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန ၏ အစီရင်ခံစာ အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် အဘူဒါဘီ  မြို့ ၌ ယူအေအီးနိုင်ငံ ဒုတိယ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး ရှိက်ခ် အဗ်ဒွလ္လာဟ်  ဘင်န် ဇိုက်ဒ် အန်နဟီယာန်း နှင့် တွေ့ဆုံခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများကို နှစ်နိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီးများကြား ဆွေးနွေးခဲ့ကြပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် အာရပ်နိုင်ငံများ အကြား အဆင်ပြေလေ၊လေ အစ္စလာမ့် ကမ္ဘာ အတွက် အကျိုး ရှိလည်း ဖြစ်ပြီး အစ္စလာမ့် ရန်သူမှန်သမျှ ကို ကာကွယ်နိုင်မည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် လည်း အထူးသဖြင့် အမေရိကန် ၊ အစ္စ‌ရေး နှင့် အနောက်နိုင်ငံများသည် အီရန် နိုင်ငံ နှင့် အာရပ် နိုင်ငံများ အကြား အဆင်မပြေ  အောင်  ရှီအဟ် စွန်နီ ပြဿနာ စသည်ဖြင့် အကြံမျိုးစုံ နည်းမျိုးစုံ ကို သုံးနေခြင်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေတွင် အမေရိကန် သမ္မတ  ထရမ့် အနေဖြင့် ဆော်ဒီ နိုင်ငံ နှင့် အာရပ်နိုင်ငံများ ကို လာရောက် ခြင်း သည်လည်း ဤ အစီအစဥ် ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။

အာရပ်နိုင်ငံများ အနေဖြင့် လည်း  အပြစ်မဲ့ ပါလက်စတိုင်း ပြည်သူများ ကလေးငယ်များ အမျိုးသမီးများ ကို ရက်ရက်စက်စက် သွယ်ဝိုက် နည်း နှင့်  သတ်ဖြတ်နေသည့် အကြမ်းဖက်  အမေရိကန် သမ္မတ ထရမ့်အား လက်ခံပြီး အရေး တယူ ကြိုဆို ခြင်းသည် အလွန် ရှယ်ဖွယ် ၊ ရွံ့ဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်ပြီး အလ္လာဟ် ထက် အမေရိကန် ကို ပိုပြီး ကြောက်ကြကြောင်း သက်သေပြနေခြင်း ဖြစ်ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha