အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
မန္တးလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မတ်လ ၄ ရက်နေ့က ရဲမေ ၃ ဦး၊ ရုံးစာရေး ၁ ဦးနဲ့ ရဲတပ်သား ၃ ဦးတို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတယ်လို့ မိုးကုတ်မြို့နယ် အနောက်ပိုင်း အထွေထွေသပိတ် ကော်မတီကနေ သိရပါတယ်။
CDM လုပ်တဲ့ ရဲမေတွေဟာ ရဲဝတ်စုံနဲ့ လူသတ်နေတာတွေကို မခံစားနိုင်တော့တာနဲ့ CDM လုပ်တာနဲ့ထောင်ကျနိုင်တာသိပေမယ့် ပြည်သူကိုကူညီချင်တာကြောင့် ပူးပေါင်းပါဝင်လာတာတာလို့ ဆိုပါတယ်။
မိုးကုတ်မြို့နယ်မှာ CDM လုပ်တဲ့ ဝန်ထမ်း ၁၃၀၀ ကျော်ရှိပြီး ဝန်ထမ်း ၂၇၈ ယောက်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၄၅၀ နဲ့ဆန် ၁၃၃၉ အိတ်ကို ကူညီပေးခဲ့တယ်လို့ မိုးကုတ် CDM ထောက်ပံ့ကူညီရေး ကော်မတီကနေ သိရပါတယ်။
******************************************
END / 251