အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဟာတမန်တော်မြတ်ကြီး(ဆွ)၏ တာဝန်၊ဝတ္တရားများမှ တစ်ခုမှာလည်း မိမိ၏နောက် လိုက်၊နောက်သား(ခ)အွန်မသ် အတွက် အလ္လာဟ်ဟိုအရှင်မြတ်၏ အာယသ်တော်များကိုရှင်း လင်းပြခြင်း အကျယ်ဖွင့်ဆိုခြင်း ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင် မဟာတမန် တော်မြတ် (ဆွ) အား မိန့်ကြားတော်မူ သည်မှာ -
وَ أَنزَلنَا اِلیَکَ الذِّکرَ لِتُبَیِّنَ لِلنِّاسِ مَا نُزِّلَالیهِم
ကျွန်ုပ်အရှင်မြတ် အနေဖြင့် အသင်အပေါ် ကျမ်းတော်မြတ်ကုရ်အာန် အား ချပေးတော်မူ ခဲ့ ပါသည်။အသင်၏ တာဝန်ဝတ္တရား ဖြစ်ပါသည်။ လူသားများ အတွက် ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ် ပြုပါလေ။ ၎င်းတို့၏ရှေ့တွင် ဤသေလာဝသ် ၏ သွန်သင်ချက်များ ကို အကျယ်တဝင့် ရှင်းလင်းပြပါလေ။[1] တင်ပြထားသည်အတိုင်း ကျမ်းတော်မြတ် ကုရ်အာန် သည် အလ္လာဟ်ဟို အရှင်မြတ် နှုတ်ကပတ်တော် ဖြစ်ပါသည်။အက္ခရာများနှင့် အာယသ် တော်များ၏ အသွင်ဆောင်သည့်အထိ အမြောက်အများ ကျရောက်လာပါ သည်။ မွတ်စ လင်မ်များ ၏ လက်တွင်ရှိပါသည်။သို့သော်လည်း ၎င်း၏ပညာရပ်များသည် အလွန် နက်ရှိုင်း သည့် အ တွက် သာမန်လူသားများ နားလည် သဘောပေါက်နိုင်မည် မဟုတ်ချေ။ ဤအတွက်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန်သည် သာမန်လူသားများဘက်မှ ကြည့်လျင် စကားမပြောသည့် ကုရ်အာန် ဖြစ်ပါသည်။ပြီးနောက် မဟာတမန်တော်မြတ် (ဆွ) နှင့် မအ်စူမ်အေမာမ် များ (အ.စ) ၏ အကျယ်တဝင့် ရှင်းလင်းချက်များ လိုအပ်ပါသည်။ ဤ အတွက်ကြောင့် အလ္လာဟ်ဟိုအရှင်မြတ် အနေဖြင့် ကိုယ်တော်မြတ် (ဆွ) အား မိန့်တော် မူ ၏။((ကျွန်ုပ်အရှင်မြတ် အနေဖြင့် အသင်အပေါ် ကျမ်းတော်မြတ်ကုရ်အာန် အား ချပေး တော်မူ ခဲ့ ပါသည်။ထိုမှသာ လူသားများ ၏ရှေ့ တွင် ၎င်း၏ အကျယ်ဖွင့်ဆို ရှင်းလင်း ချက် ကို ပြုလုပ် ပါလေ။ ))
ဤအတွက်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် အာယသ်တော်များ အတွက် သီးသန့် သဖ်စီး (ခ) အကျယ်ဖွင့်ဆိုမှု တစ်ရပ်လာရှိပါသည်။ ၎င်းပညာရပ်ကို မဟာတမန်တော်မြတ် (ဆွ) နှင့် မအ်စူမ်အေမာမ် များ (အ.စ) ထံတော်တွင်ရှိပါသည်။ ၎င်းမအ်စူမ်များသည် ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ ပညာရပ်များ မွတ်စလင်မ် များလက်တွင် ထည့်ပေးခဲ့ ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် ၏ သွန်သင်ချက်များ ကို လူသားများထံ ပို့ဆောင်ခဲ့ ပါ သည်။ ဤသို့ဖြစ် ကျမ်းတော်မြတ်ကုရ်အာန် သည် ဤကဲ့သို့ ရှုထောင့်မှ ကြည့်လျင် စကားပြောသည့် ကုရ်အာန်ုဖြစ်ပါသည်။ မဟာတမန်တော်မြတ် (ဆွ) နှင့် မအ်စူမ်အေမာမ် များ (အ.စ)မှ ကျမ်းတော်မြတ် ကုရ်အာန် ၏ ပညာရပ်များ ကို ပို့ချခဲ့ပါသည်။ သို့သော် ဂရုပြုရမည့် အချက်မှာ ကျမ်းတော်မြတ်ကုရ်အာန် သည် မိမိ၏ စကားကို မိမိ ပြောရမည့် ပရိတ်သတ် အလိုရှိသည့်အတိုင်း မတင်ပြဘဲ အမှန်အတိုင်း အရှိအတိုင်း သာပြောကြား ပါသည်။ ထိုပြင် လူရှိုင်တွာန်များ(မာရ်နတ်များ) အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် အပေါ် မိမိတို့၏ လိုအင်ဆန္ဒများ ကို ယူလာခြင်း ပြီးနောက် မိမိတို့ အထင်အမြင်ဖြင့် အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ်ကပတ်တော်များ ကို အကျယ်ဖွင့်ဆိုခြင်းများ ပြုလုပ်ခွင့်မရှိချေ။ ဤ အကြောင်း အရာ နှင့် ပတ်သက်ပြီး အကျယ်တဝင့်အား ရှေ့ တွင် တင်ပြပါမည်။
ကျမ်းတော်မြတ် ကုရ်အာန်နှင့်ပတ်သက်ပြီး စကားပြောသည့် ကုရ်အာန် နှင့် စကားမပြော သည့်ကုရ်အာန် ဖြစ်သည် အပေါ် မူတည်၍ ဟဇရသ် အလီ (အ.စ) မိန့်တော်မူ၏။
نَاطِق لا یَعییٰ لِسَانُه
ကျမ်းတော်မြတ် ကုရ်အာန် သည် စကားပြောသူတစ်ဦး ဖြစ်၏။ စကားပြောဆိုရသဖြင့် မမောပန်း သွားချေ။[2] မိမိ၏ အကြောင်းကြား အသိပေးချက်များ ကို မနုဿ လူသားများထံ ပို့ဆောင်ပေးပါသည်။ ပြီးနောက် မွတ်စလင်မ်များ အား ရာဇသံပေးခဲ့ပါသည်။
ဤအတွက်ကြောင့် ဟဇရသ် အလီ (အ.စ) ၏အထက်ပါ မိန့်မှာချက်တွင် ကျမ်းတော်မြတ် ကုရ်အာန် အား ဤကဲ့သို့ မိတ်ဆက် ပေးနေပါသည်။ အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ်ကပတ် တော်သည် အသင်တို့ ၏ အကြားတွင် ရှိပါသည်။ အာဝဇ္ဇန်း ဖြစ်ပြီး အထစ်အငေါ့ မရှိသည် စကားဖြင့် မနုဿလူသားများအား လွတ်မြောက်မှု နှင့် အောင်မြင်ဘက်သို့ ဖိတ်ခေါ် နေပါသည်။ မိမိ၏ နောက်လိုက်သူများ ကို အောင်မြင်မှု ၏ သတင်း ကောင်းပေးနေပါသည်။ မိမိ၏ တာဝန်များ ကို တာဝန်ကျေအောင် ထမ်းဆောင် ရာတွင်လုံးဝ မမောပန်းချေ။
ခွသ်ဗာ အမှတ် ၁၅၇ တွင် ဟဇရသ် အလီ (အ.စ) မှ ကျမ်းတော်မြတ် ကုရ်အာန် နှင့် ပတ်သက်ပြီး ဤကဲ့သို့မိန့်တော် မူထားပါသည်။
ذٰلِکَ الْقُرآنُ فَاسْتَنْطِقُوهُ وَ لَن یَّنطِقَ وَ لٰکِنْ أُخْبِرُکُمْ عَنْهُ، أَلا إنّ فِیهِ عِلْمَ مَا یَأتِی، وَ الْحَدِیثَ عَنِ الْمَاضِیْ، وَ دَوَائَ دَائِکُم، وَ نَظْمَ مَا بَینَکُمْ .
ဟုတ်ပါသည်။ဤသည် ကျမ်းတော်မြတ်ကုရ်အာန် ဖြစ်ပါသည်။ သိုဖြစ်ရာ ၎င်းအား အသင်တို့နှင့်စကားပြောဆိုစေလိုလျင် ဤအခြေအနေတွင် ( နဘီ (ဆွ) နှင့် ပြစ်မဲ့ အေမာမ် (အ.စ) ၁၂ပါး တို့၏ အျကယ်ဖွင့်ဆိုချက်မပါဘဲ ) လုံးဝ စကားပြောမည် မဟုတ်ချေ။ အသင်တို့အနေဖြင့် မလွဲမသွေ နဘီ (ဆွ) နှင့် ပြစ်မဲ့ အေမာမ် (အ.စ) ၁၂ပါး တို့၏ စကားမှ တဆင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ ပညာရပ်များသိရှိပါလေ။ ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ပညာရပ်များ ကို ၎င်းတို့ ထံ ဆည်းပူးရပါမည်။ ကျမ်းတော်မြတ်ကုရ်အာန် သည် အလ္လာဟ်ဟို အရှင်မြတ်၏ ပညာရပ်များ ၏ ပင်လယ် ဖြစ်ပါသည်။ ရေငုတ်သူ အနေဖြင့် ဤ ပယ်လယ်၏ အနက်တွင် နှင့်အဆုံးမရှိ သည်နေရာ မှ လူပီသအောင်ဖြစ်စေသည့် ပုလဲများကို မရရှိနိုင်ပေ။ အကွယ်နှင့်ပတ်သက်ပြီး သိရှိသူများသာလျင် (အလ္လာဟ်အရှင်မြတ် စေလွတ် ထား သူများ ခန့်အပ်ထားသူများ) သာလျင် ရရှိ နိုင်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ် သည်လည်း မနုဿလူသားများ အား မဟာတမန်တော်မြတ် (ဆွ) နှင့် ပြစ်မဲ့ အေမာမ် (အ.စ) ၁၂ပါး တို့အား မြဲမြဲစွာ ဆုပ်ကိုင်ထားမှုကို လိုလား တော်မူပါသည်။ အဲဟ်လေ့ဘိုက် (အ.စ) ၏ပညာရပ်များ ကို အသုံးပြု၍ ၎င်းတို့၏ လမ်းညွှန်ချက် ဖြင့် ကျမ်ေးတ်ာမြတ် ကုရ်အာန် ၏ အဆင့်မြင့် ပညာရပ်များ ကို ဆည်းပူးရန် ဖြစ်ပါသည်။ ဤအတွက်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ ပညာရပ်များ သည် အဲဟ်လေ့ဘိုက် (အ.စ) ထံတော်တွင် ရှိပါသည်။ အနှစ်ချုပ် ရလာဒ်မှာ ၎င်းတို့၏ စကားများ သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ စကားဖြစ်ပါသည်။ ဤကဲ့သို့ ဆိုလျင် မဟာတမန်တော်မြတ် (ဆွ) နှင့် အဲဟ်လေ့ဘိုက် (အ.စ) သည် ကုရ်အာန်နေနာသစ်က်(ခ) စကားပြောသည့် ကုရ်အာန် ဖြစ်ပါသည်။ အထက် ဖော်ပြပါ အချက်ကို အခြေခံပြီး ဟဇရသ် အလီ (အ.စ) မိန့်တော်မူသည်။
ذٰلِکَ الْقُرآنُ فَاسْتَنْطِقُوْهُ وَ لَن یَّنْطِقَ
ဤသည် ကျမ်းတော်မြတ် ကုရ်အာန် ဖြစ်ပါသည်။ အသင်တို့ ကြည့်ပါလေ။အသင်တို့ အနေ ဖြင့် အပြစ်မဲ့ အေမာမ် (အ.စ) ၏ အကျယ်ဖွင့်ဆိုချက်မပါဘဲ ကျမ်းတော်မြတ်ကုရ်အာန် အား အသုံးမပြုနိုင်ပေ။ ဤ အပြစ်မဲ့ အေမာမ် သာလျင် အသင်တို့ အတွက် ကျမ်းတော်မြတ် ကုရ်အာန် အား အကျယ်ဖွင့်ဆို ပေးတော်မူပါသည်။ အသင်တို့ အား ကျမ်းတော်မြတ် ကုရ်အာန် ၏ ပညာရပ်များကို သိအောင်ပြုလုပ်ပေးတော်မူသည်။
ဟဇရသ် အလီ (အ.စ) ၏ ဤနိဒါန်း မိန့်ဆိုချက်ကို တင်ပြပြီး ကျမ်းတော်မြတ်ကုရ်အာန် အား အခြား ရှုထောင့် တစ်ဘက်မှ ဂရုပြုကြည့်မည်။ မနုဿလူသားအား ကျမ်းတော်မြတ် ကုရ်အာန် ဘက်သို့လာရန် ၎င်းကျမ်းတွင် ဆင်ခြင်တွေးတော် ရန် ဖိတ်ခေါ် ရပါမည်။ အေမာမ် အလီ (အ.စ)မိန့်တော်မူသည် ပြစ်မဲ့ အေမာမ် (အ.စ) သာလျင် ကျမ်းတော်မြတ် ကုရ်အာန် ၏ ပညာရပ်များ ကို မွတ်စလင်မ်များ အတွက် တင်ပြပါသည်။ ကျမ်းတော်မြတ် ကိုယ်တိုင် စကားမပြောချေ။ ပြီးနောက် မနုဿလူသားများ အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ် ၏ အသိပေး သတင်းစကားများ ကို တိုက်ရိုက် ဆည်းပူးရန်လည်း စွမ်းအား မရှိကြချေ။ ယခု أُخْبِرُکُمْ عَنْهُကျွန်ုပ် အနေဖြင့် အသင်တို့အား ကျမ်းတော်မြတ်ကုရ်အာန် နှင့် သိအောင်ပြုပါမည်။ ကျမ်းတော်မြတ်ကုရ်အာန် ၏ပညာရပ်များ ကို အသင်တို့ အား အသိ ပေးပါမည်။ သိထားပါလေ။ အသင်တို့ အရေးကြီးလိုအပ်သည့် အရာ များ အားလုံး သည် ကျမ်းတော်မြတ် ကုရ်အာန် တွင် ရှိပါသည်။
أَلا إنّ فِیْهِ عِلْمَ مَا یأتِی وَ الْحَدِیثَ عَنِ الْمَاضِی وَ دَوَائَ دَائِکُمْ وَ نَظْمَ بَینِکُمْ
အတိတ်နှင့် အနာဂတ်၏ပညာ(ခ) အသိသည် ကျမ်းတော်မြတ် ကုရ်အာန် တွင်ရှိပါသည်။ အသင်တို့ရောဂါ ဝေဒနာ အတွက် ဆေးဖြစ်ပါသည်။ အသင်တို့၏ ရှိသမျှ အလုပ်အားလုံး အတွက် စည်းစနစ် ကျမ်းတော်မြတ် ကုရ်အာန် တွင်ရှိပါသည်။ အသင်တို့အတွက်မလွဲမသွေ ပြုလုပ်ရမည် မှာ ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(အ.စ) ၏ပညာရပ်များ ကို အသုံးပြုပြီး အသင်တို့၏ အလုပ်များ စည်းစနစ်ရှိလာအောင် ပြုလုပ်ပါလေ။
သတိပြုရမည့် အချက် နှစ်ချက်
၁။ ကျမ်းတော်မြတ် ကုရ်အာန် သည် အရေး အကြီးတကာ အကြီးဆုံး သမိုင်းဆိုင်ရာ သက်သေ၊ အထောက် အထား အဖြစ် မွတ်စလင်မ်များ နှင့် ဤ ကောင်းကင်ကျ ကျမ်း နောက် လိုက်သူ များ အတွက် ဖြစ်ပါသည်။ အကြောင်းမှာ ကျမ်းတော်မြတ်ကုရ်အာန် သည် သမိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များကို တင်ပြပါသည်။ ထိုအပြင် အတိတ် ကလူမျိုးစုများ ၊ မျိုးနွယ် စုများ အတွေး အခေါ်များ နှင့် သက်ဝင် ယုံကြည်မှုများ ၏ အခြေအနေ နှင့် ၎င်းတို့၏ ဘဝတည်ဆောက်ပုံ ကို တင်ပြ ပါသည်။ ဤအတွက်ကြောင့် အထောက်အထား အခိုင်လုံ တကာ အခိုင်လုံဆုံး သမိုင်း သက်သေ ၊ အထောက်အထား ဖြစ်ပါသည်။ သမိုင်း အခြေ အနေ များ နှင့်  သမိုင်းစာအုပ်များ သည် ကျမ်းတော်မြတ် ကုရ်အာန် ယှဉ်လျင် မည်သည့် ဂုဏ်ဒြပ် မှ မရှိတောချေ။ အကြောင်း မှာ ကျမ်းတော်မြတ်ကုရ်အာန် ၏ သက်သေ အထောက် အထား မပါသည့် အတွက် ကြောင့် ဖြစ်ပါသည်။ အကယ်၍ သဝါသိုရ် (ခ) အစဉ်အဆက် မဖြတ် ဆင့်ပြန်ထားခြင်းပင် ဖြစ်နေပါစေ ၎င်း၏တန်ဖိုးနှင့် တရားဝင်မှုသည် ကျမ်းတော်မြတ် ကုရ်အာန် အဆင့် အထိ မရောက်ချေ။ ဤအတွက်ကြောင့် အတိတ် ကလူများ၏ အခြေအနေ ၊ အန်ဗီယာ(အ.စ) နှင့် အတိတ်က လူမျိုး များ ၏ ဖြစ်ရပ်မှန်များ ကို ကျမ်းတော်မြတ် ကုရ်အာန် မလွဲမသွေနားထောင်ရပါမည်။ ၎င်းကျမ်း မှ အဆုံးအမ များကို ရယူရပါမည်။
ကျွန်ုပ်တို့၏ တာဝန်ဝတ္တရား မှာ ကျမ်းတော်မြတ်ကုရ်အာန်ဘက်သို့လှည့်ပြီး အတိတ်က က လူမျိုးစုများ ၏ ဖြစ်ရပ်မှန် ဘဝကိုလေ့လာ ပြီး သံဝေဂ တရား ယူရမည်ဖြစ်ပါသည်။ မိမိ၏ဘဝအား အမှန်တရား နှင့် မှန်ကန်သည့်လမ်းစဉ်ဖြင့် တည်ဆောက်ရမည် ဖြစ်ပါသည်။
၂။ ကျမ်းတော်မြတ်ကုရ်အာန် သည် အတိတ်က လူမျိုးစု များ၏သမိုင်းကို ကျွန်ုပ်တို့ အတွက် တင်ပြပါသည်။ ထိုလူမျိုးစုများ တွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်မှန်များ ဖော်ပြပြီး ကျွန်ုပ်တို့အား ၎င်းတို့၏ ဘဝပတ်ဝန်းကျင် ထံရောက်အောင်ပို့ပေးပါသည်။ပြီးနောက် ၎င်းထံမှ သံဝေဂ ယူ စေခြင်း ပါတယ်။ အနာဂတ်၏ သတင်းကို လည်းပေးပါသည်။ သိသာထင်ရှားသည်မှာ အနာဂတ်နှင့်ပတ်သက်ပြီး ပညာရပ်အရဖြစ်စေ ၊ သေချာမှု မှု အရ ဖြစ်စေ အတတ်ပြောနိုင် သည်မှာ အလ္လာဟ်ဟိုအရှင်မြတ် သခင် နှင့် ၎င်းခွင့်ပြုချက် ဖြင့် အနာဂတ်ကို သိသူများ (ပြစ်မဲ့မအ်စူမ်များ) သာလျင်ဖြစ်ပါသည်။ အလ္လာဟ်ဟိုအရှင်မြတ် အတွက် အတိတ် ၊ပစ္စုပ္ပန်၊ အနာဂတ်ဆိုသည်မှာ မည်သည့် အဓိပ္ပာယ်မျှ မရှိချေ။ ထိုအရှင်မြတ် သည် အနာဂတ် နှင့်ပတ်သက်သည့်သတင်းပေးနိုင်ပါသည်။ ထိုအရှင်မြတ် သာလျင် မိမိ၏ အဖန် ဆင်းခံ ကျေးကျွန်များ အတွက် လမ်း အား ထင်ရှားထင်ရှား ရှင်းရှင်းလင်းလင်း ပြုနိုင်တော်မူသည်။ မည်ကဲ့သို့ပြုမှုနေထိုင်လျင်အောင်မြင်မှုဆွတ်ခူး နိုင်မည်။ ဤသည်ကျမ်းတော်မြတ် ကုရ်အာန် ဖြစ်ပါသည်။ အတိတ် နှင့် အနာဂတ်၏ သတင်းများ ကို ပေးပါသည်။ မနုဿလူသားများ ၎င်းတို့၏ အတိတ် နှင့်အနာဂတ်နှင်ပတ်သက်ပြီး အသိပေးပါသည်။ ဤအတွက်ကြောင့် ဟဇရသ် အလီ (အ.စ) မှ မိန့်တော်မူလေ၏။
أَلا إنّ فِیهِ عِلْمَ مَا یَأتِیْ وَ الْحَدِیثَ عَنِ الْمَاضِیْ
သတိအသိရှိပါလေ။ အနာဂတ် နှင့် အတတ်၏ပညာ သည် ကျမ်းတော်မြတ်ကုရ်အာန်တွင် ရှိပါသည်။
[1] စူရဟ်နဲဟ် အာယသ်တော်အမှတ် ၄၄
[2]နဲဟ်ဂျိုဗလာဂါကျမ်း ခွသ်ဗာ အမှတ် ၁၄၃
###############################################
END / 251