အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရတ် အစိုးရမှ ကရ်ဗလာ မြို့ သို့ အရ်ဗအီးန် ဇေယာရသ် လာမည့် ပြည်တွင်း ပြည်ပ ဇေယာရသ် ပြုသူများ နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် အသစ် တစ်ရပ် ကို ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။
ကြေညာချက် ၏ စာသားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ကိုရိုနာ ကာကွယ်ဆေး မထိုးထားရသေးသူ မည်သူမဆို နိုင်ငံသားများ ဖြစ်စေ (သို့မဟုတ်) ခရီးသည်များ ဖြစ်စေ (သို့မဟုတ်) နိုင်ငံခြား သားဇေယာရသ်ပြုသူများ ဖြစ်စေ အား အီရန် နိုင်ငံ နှင့် ကရ်ဗလာ မြို့ အတွင်းသို့ ဝင်ခွင့်ပြု မည် မဟုတ်ချေ။ ကိုရိုနာ ရောဂါကာကွယ် ဆေး ထိုးထားခြင်း သည် အီရတ်နိုင်ငံ အတွင်း ဝင်ရန် နှင့် အထူး သဖြင့် ကရ်ဗလာ မြို့ အတွင်းသို့ ဝင်ရန် သတ်မှတ် ထား သည် အဓိက စည်းကမ်းချက်များ မှ တစ်ခု ဖြစ်ပါတယ်။
အီရတ် နိုင်ငံ နှင့် ကရ်ဗလာ မြို့ သို့ လာရောက်မည့် ဇေယာရသ် ပြုသူများသည် ကိုရိုနာ ကာကွယ် ဆေး ၂ကြိမ် ထိုးထားသူများ ဖြစ်ရပါမည်။ အီရတ်နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ကမ္ဘာ တစ်ဝှမ်း ရှိ အီရတ် သံရုံး များ အား လုံး ဗီဇာ ထုတ်ပေးချိန် တွင် ခရီး သည် အား ကိုရိုနာ ကာကွယ်ဆေး ထိုးပြီး မပြီး သေချာ စိစစ်မှု ပြုပြီးမှ သာ ထုတ်ပေးရန် အမိန့် ထုတ်ထားပါတယ်။
အီရတ် အစိုးရ မှ ကမ္ဘ တစ်ဝှမ်း ရှိ ဇေယာရသ်ပြုများ ကို ၁၅ရက် တာ ဗီဇာ ထုတ်ပေးမည် ဖြစ်ပြီး ၊ နိုင်ငံတိုင်းမှ လူဦးရေ ၅၀၀၀ ကို သာ ဇေယာရသ် သေ အရ်ဗအီးန် ပြုခွင့် ပြုမည် ဖြစ်ပါတယ်။
အီရတ် ပြည်သူ့ ကျန်းမာ ရေး ဆိုင်ရာ အဆင့်မြင့် ကော်မတီ မှ ကရ်ဗလာ သို့လာ ရောက်မည် ခရီးသည်များ ကို တဲများ တွင် အခမဲ့ ဝန်ဆောင် မှု ပြုပေးမည့် သူများ သည် မလွဲမသွေ ကိုရိုနာ ကာကွယ် ဆေး ထိုး ထားပြီးသူများ ဖြစ်ရမည် ။ အခုကတည်းက ဆေးထိုးမှုကို ပြုလုပ်ပြီး အရ်ဗအီးန် အချိန် အထိ ၂ ကြိမ် ထိုးပြီးသာ ဖြစ်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံခြား သား ဇေယာရသ် ပြုသူများ သည် အီရတ် လေဆိပ် များ တွင် pcr စစ်ဆေးခံရမည် ဖြစ်ပြီး တစ်ကြိမ် စိစစ်ခါ ဒီနာ ၆၀၀၀၀ ပေးဆောင်ရမည် ဖြစ်ပါတယ်။
****************************************************************
END / 251