၁၀ အောက်တိုဘာ ၂၀၂၁ - ၂၀:၂၈
အာဖဂန် နိစ္စတန် နိုင်ငံ ၏ ကွန်ဒူးဇ်မြို့ရှိ ဗလီ ဝတ်ကျောင်းတော်တွင် ဗုံးပေါက်ကွဲမှု ၏ ကြေကွဲဖွယ်ဖြစ်ရပ် အတွက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ ဝမ်းနည်း ကြောင်း သဝဏ်လွှာ ထုတ်ပြန်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် သာသနာညီနောင် နိုင်ငံ အာဖဂန် နိစ္စတန် ရှိ အာဏာ ပိုင်များ အနေဖြင့် ဤ ဆိုးရွား ပြီး နှလုံးသားကို ထိခိုက်စေသည့် ရာဇဝတ်မှု ကျူးလွန်သူများကို ပြင်းထန်တိုက်တန်သည့် ပြစ်ဒဏ်ပေးရမည် ဖြစ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇေ နယူးစ် နှင့် အဗ်နာ သတင်းဌာန ၏ သတင်း အထောက်အထား များ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် သာသနာညီနောင် နိုင်ငံ အာဖဂန် နိစ္စတန် ရှိ အာဏာ ပိုင်များ အနေဖြင့် ဤ ဆိုးရွား ပြီး နှလုံးသားကို ထိခိုက်စေသည့် ရာဇဝတ်မှု ကျူးလွန်သူများကို ပြင်းထန်တိုက်တန်သည့် ပြစ်ဒဏ်ပေးရမည် ဖြစ်ကြောင်း သိရှိရပါတယ်။ ပြီးနောက် အရေးကြီးသည် အစီအမံများကိုလည်း အနာဂတ်တွင် ဤကဲ့သို့ ဖြစ်ရပ်ဆိုးများ ထပ်၍ မဖြစ်ပေါ်လာ အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ တိုက်တွန်း ပြောကြား ခဲ့ပါ တယ်။

သတင်း အထောက်အထား များ အရ အာဖဂန် နိစ္စတန် နိုင်ငံ ၏ ကွန်ဒူးဇ် ပြည်နယ် ရှိ ရှီအာ မွတ်စလင်မ်များ ၏ ဗလီ ဝတ်ကျောင်း တစ်ခု တွင် အသေခံဗုံး၊ ပေါက်ကွဲမှု ကြောင့် မြောက်များ စွာသော နမာဇ်ဝတ်ပြုသူများ နှလဲုး ငြိမ်းမမြေ့ ဖွယ် သေဆုံးခဲ့ရပါတယ်။ ဤ ဖြစ်ရပ်ဆိုး အတွက် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ မိမိ၏ ဝမ်းနည်း ကြောင်းသဝဏ်လွှာတွင် ဆိုးရွားသည့် ရာဇဝတ်မှု ကို ကျူးလွန်သူများ ပြင်းထန် ထိုက်တနသည့် ပြစ်ဒဏ် ပေး ရန် နှင့် ဤကဲ့သို့ ဖြစ်ရပ်များ ကို ထိန်းနိုင်ရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဝမ်းနည်း ကြောင်း သဝဏ်လွှာ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်းန်နေရ်ရဟီးမ်

အာဖဂန် နိစ္စတန် နိုင်ငံ ၏ ကွန်ဒူးဇ် ပြည်နယ် ခန်းန် အာဗါဒ် ခရိုင် ရှိ ဗလီ ဝတ်ကျောင်းတော် တစ်ခု တွင် ဝမ်းနည်း ကြေကွဲ ဖွယ် ဗုံးပေါက်ကွဲ မှု ဖြစ်ရပ်မှန် တစ်ခု ဖြစ်ပွားခဲ့သည့်အတွက်ကြောင့် နမာဇ်ဝတ်ပြုသူ အမြောက်အများ သေဆုံး ခဲ့ရပါသည်။ ဤအတွက် ကျွန်ုပ်တို့ အလွန်တရာ ဝမ်းနည်းကြေကွဲ ခဲ့ရပါသည်။

အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် သာသနာညီနောင် နိုင်ငံ အာဖဂန် နိစ္စတန် ရှိ အာဏာ ပိုင်များထံ ဤ ဆိုးရွားသည့် ရာဇဝတ်မှု ကို ကျူးလွန်သူများအား ပြင်းထန် ထိုက်တန်သည့် ပြစ်ဒဏ် ပေး ရန် နှင့် ဤကဲ့သို့ ဖြစ်ရပ်များ ကို နောက်ထပ် ၊ ထပ်မဖြစ်အောင် ထိန်းနိုင်ရန်ကာကွယ် နိုင်ရန် ဗျူဟာ တစ်ခု ချမှတ်ရန် ကျနော်တို့ မျှော်လင့် ကြပါသည်။

အလ္လာဟ်ဟိုအရှင်မြတ် ထံ ရှဟီးဒ် ဖြစ်သွားသူများ ၏ အဆင့် များ မြင့်မား စေရန် ၊ဒဏ်ရာ ရရှိသူများ ကို အမြန်ဆုံးပြန်လည် ကျန်းမာ ကောင်းမွန် လာ စေရန်၊ ဤဖြစ်ရပ်ဆိုး ကြောင့် ရှဟီးဒ် ဖြစ်သွား ရသူများ နှင့် ဒဏ်ရာရရှိသူများ ၏ ကျန်ရစ်သူများ ကို သည်းခံခြင်းတရား ခံနိုင်ရည် စွမ်း အား ပေးသနားတော်မူရန် ဒိုအာ ပြုတောင်းခံအပ်ပါသည်။

ဆရက်ဒ် အလီ ခါမေနာအီ

၁၀ ၊ ၀၉ ၊ ၂၀၂၁

##################################################

END / 251