အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ္မစ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ်ဟီရန်း(န) သည် ၎င်း၏ ယူအေအီးနိုင်ငံခြားရေးဝန်ကြီး ရှိက်ခ် အဗ်ဒွလ္လာဟ် ဗင် ဇါယစ်ဒ် အာလေ့ နဟီရန်း(န) နှင့် တယ်လီဖုန်းဖြင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ နိုင်ငံရေးနှင့် ကောင်စစ်ဝန်ဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ်ရအီစီ ၏ ပြောကြားချက်ကို ကိုးကားပြီး အမျိုးမျိုးသော ကိစ္စရပ်များတွင် နှစ်နိုင်ငံအကြား စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံအကြား တိုးလာနေသော ဆက်ဆံရေးကို ရည်ညွှန်းပြီး အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ အစိုးရသစ်သည် ၎င်း၏မိတ်ဆွေများ၊ အိမ်နီးချင်းများနှင့် ထိရောက်သော ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်လိုကြောင်း အမီးရ် အဗ်ဒွလ္လာဟ်ဟီရန်း(န) မှ ပြောကြားခဲ့ပါတယ်။
ယူအေအီး အနေဖြင့် နှစ်နိုင်ငံကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို ရည်ညွှန်းပါတယ်။
အီရန်နိုင်ငံခြား ရေးဝန်ကြီး မှ မိမိနှင့် ရာထူး တူ ဖြစ်သည် ယူအေအီ နိုင်ငံခြားရေး ဝန်ကြီး ရှိက်ခ် အဗ်ဒွလ္လာဟ် ဗင် ဇါယစ်ဒ် အာလေ့ နဟီရန်း(န) အီရန် အစ္စလာမ္မစ် ပြည်သူ့ သမ္မတနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ပါတယ်။
တယ်လီဖုန်းပြောဆိုမှုတွင် ယူအေအီး နိုင်ငံခြားရေးဝန်ကြီး ရှိက်ခ် အဗ်ဒွလ္လာဟ် ဗင် ဇါယစ်ဒ် အာလေ့ နဟီရန်း(န) မှ ယူအေအီး နှင့် နီးကပ်ပြီး ရင်းနှီးသည့် အခြေအနေကို ဆောင်ရွက် ပံ့ပိုးပေး သည့် အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းအား ထုတ်မှု၏ လက္ခဏာတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများသည် ကောင်စစ်ဝန် ကိစ္စရပ်များနှင့် အီရန် နိုင်ငံသားများ ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ယူအေအီး အနေဖြင့် ဖြေရှင်းရန် အာမခံခဲ့ပါတယ်။
****************************************************************
END / 251