၁၂ မတ် ၂၀၂၂ - ၂၀:၅၁
 ပုလဲမြို့နယ် နှောရိုးကျေးရွာအနီး စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီးနောက် သပြေအေးကျေးရွာ မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောရိုးကျေးရွာ အနီးတွင် မတ်လ ၁၁ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် ည ၈ နာရီခန့်တွင် သပြေအေးကျေးရွာအား စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောရိုးကျေးရွာ အနီးတွင် မတ်လ ၁၁ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် ည ၈ နာရီခန့်တွင် သပြေအေးကျေးရွာအား စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"နေ့လည်ပိုင်းက သူတို့စစ်ကြောင်း မိုင်းဆွဲ ခံလိုက်ရတယ်၊ အဲ့ဒါကို မကျေနပ်လို့နဲ့ တူတယ်၊ အနီးအနားက ရွာတွေကို မဲပြီး မီးဝင်ရှို့တာ၊ ပျက်စီး ဆုံးရှုံးမှုကိုတော့ မသိရသေးဘူး၊ ဒီကောင်တွေ ရွာနား ပတ်လည်မှာ အခုထိ ရှိနေသေးတော့ သွားကြည့်လို့ မရသေးဘူး" ဟု ဒေသခံက ပြောသည်။

သပြေအေးရွာသည် နှောရိုးကျေးရွာနှင့် နှစ်မိုင်ခန့်သာ ဝေးပြီး အိမ်ခြေ ၁၀၀ ခန့်ရှိ ရွာငယ် ဖြစ်ပြီး စစ်ကောင်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် ဒေသခံ ၅၀၀ ခန့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကာ ပျက်စီး ဆုံးရှုံးမှု အတည်မပြု နိုင်သေးကြောင်း သိရသည်။

မတ်လ ၁၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ နှောရိုးကျေးရွာအား စစ်ကောင်စီတပ် အင်အား အများအပြားဖြင့် မီးရှို့ ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့သည်။

****************************************************************
END / 251