၁၉ ဧပြီ ၂၀၂၂ - ၁၉:၂၀
ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲထားသော အဂတိအမှုနှစ်မှု အတွက် တရားလိုတင်ပြထားသော သက်သေ စာရွက်စာတမ်းများ အပေါ် အငြင်းပွားမှု ဖြစ်ပွား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အပေါ် စွပ်စွဲထားသော အဂတိအမှု နှစ်မှု အတွက် ယနေ့ ဧပြီ ၁၉ ရက်တွင် ရုံးထုတ်ကြားနာခဲ့ရာ တရားလိုတင်သွင်းထားသော သက်သေစာရွက်စာတမ်း အကြောင်းအရာပါကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဘက်ရှေ့နေများ အငြင်းပွားမှု တစ်ခုဖြစ်ပွားခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူအသိုင်းအဝိုင်းထံမှ သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အပေါ် စွပ်စွဲထားသော အဂတိအမှု နှစ်မှု အတွက် ယနေ့ ဧပြီ ၁၉ ရက်တွင် ရုံးထုတ်ကြားနာခဲ့ရာ တရားလိုတင်သွင်းထားသော သက်သေစာရွက်စာတမ်း အကြောင်းအရာပါကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဘက်ရှေ့နေများ အငြင်းပွားမှု တစ်ခုဖြစ်ပွားခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူအသိုင်းအဝိုင်းထံမှ သိရသည်။

နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်အထူးသီးသန့် တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ နှစ်ဦးကို ရုံးထုတ်ခဲ့ကြပြီးနောက် ရဟတ်ယာဉ် ဝယ်ယူမှုနှင့်ပတ်သက်သည့် ရာကြီးအမှုအမှတ်(၄၉)အမှုအတွက် ပထမဆုံး ကြားနာစစ်ဆေးခဲ့သည်။

ယင်း အမှုတွင် တရားလို အဂတိကော်မရှင် အရာရှိ ဦးအောင်ခန့်ကို စစ်မေးခဲ့ပြီး၊ စစ်မေးနေချိန်အတွင်း တရားလိုဘက်မှ တင်သွင်းသော စာရွက်စာတမ်းများနှင့် ပတ်သက်၍ တရားခွင်အတွင်း အငြင်းပွားမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အငြင်းပွားမှု အတွက် တရားသူကြီးက ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် ဧပြီ ၂၆ ရက်ကို ပြန်လည်ချိန်းဆိုလိုက်သည်။

ထို့နောက် ရဟတ်ယာဉ် ဝယ်ယူပြီးနောက် ပြင်ဆင်မှုများပြုလုပ်မှုနှင့် ပတ်သက်သည့် ရာကြီးမှု အမှတ်(၅၀) အတွက် တရားလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အရာရှိတစ်ဦးကို ဆက်လက်စစ်ဆေးခဲ့ရာ အလားတူ အငြင်းပွားမှု ဖြစ်ပွားခဲ့သည့်အတွက် တရားသူကြီးက ဧပြီ ၁၆ ရက်ကို ထပ်မံ ချိန်းဆိုလိုက်သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်သည့်အမှုအတွက် နှစ်ဘက်ရှေ့နေများ အပြီးသတ်လျှောက်လဲချက်များပေးခဲ့ပြီး၊ လာမည့် ဧပြီ ၂၆ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်သွားရန်ရှိ နေသည်။

ယင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့် ဧပြီ ၂၆ ရက်တွင် ဖြိုးမင်းသိန်းနှင့် ပတ်သက်သည့်အမှု တစ်မှု ၊ ရဟတ်ယာဉ် ဝယ်ယူသုံးစွဲပြင်ဆင်ခဲ့သော အမှုနှင့် ပတ်သက်သည့် အမှုနှစ် တို့ဖြစ် တရားရင်ဆိုင်ရန်ရှိနေသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့ နှစ်ဦး ကျန်းမာရေးကောင်းမွန်သည်ကို တွေ့ရသည်။

====================================
END /251