၁၀ စက်တင်ဘာ ၂၀၂၂ - ၂၁:၀၅

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့သာစည်လမ်းပေါ်မှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန အရာရှိတယောက်ကို စက်တင်ဘာ ၉ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၄) Fight ForPeople F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့သာစည်လမ်းပေါ်မှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန အရာရှိတယောက်ကို စက်တင်ဘာ ၉ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၄) Fight ForPeople  F.F.P  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အရာရှိ ဦးမျိုးညွန့်အောင်ကို မုံရွာမြို့နယ်  သာစည်ကျေးရွာမှာ  အသစ်ဆောက်လုပ်နေတဲ့ အကျဉ်းထောင်ကနေ ထွက်ခွာလာရာကနေ မုံရွာမြို့  သာစည်လမ်းပေါ် တနေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုဖမ်းမိတဲ့သူဟာ အကျဉ်းထောင်တွေကိုလိုက်လံကြီးကြပ်ရတဲ့အဖွဲ့ရဲ့ အင်ဂျင်နီယာ- ဒုအဆင့်ရှိသူ တယောက်ဖြစ်ပြီး သူရဲ့ကိုယ်ပိုင်နံပါတ်ကတော့ က-၃၃၈၆ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

****************************************************************
END / 251