၂၀ အောက်တိုဘာ ၂၀၂၂ - ၂၃:၀၆
 ကမ္ဘာ့ နပန်းချန်ပီယံ ပြိုင်ပွဲ  တွင် အောင်မြင်မှု များ ရ ၊ အီရန် နပန်း အသင်းအား အီရန်သမ္မတ မှ ဂုဏ်ပြု

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ သတင်း တစ်ခုတွင် ကမ္ဘာ့ နပန်းချန်ပီယံ ပြိုင်ပွဲ တွင် အောင်မြင်မှု များ ဆွတ်ခူး နိုင်ခဲ့သည့် အီရန် နပန်း အသင်းအား ဂုဏ်ပြု စကား ဆိုခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahartv ၏ သတင်း အထောက်အထားများ အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ  H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ သတင်း တစ်ခုတွင် ကမ္ဘာ့ နပန်းချန်ပီယံ ပြိုင်ပွဲ  တွင် အောင်မြင်မှု များ ဆွတ်ခူး နိုင်ခဲ့သည့် အီရန် နပန်း အသင်းအား ဂုဏ်ပြု စကား ဆိုခဲ့ကြောင်း သိရှိရပါတယ်။

မီဒီယာ သတင်းဌာနများ ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် တနင်းလာ နေ့ တွင် စပိန်နိုင်ငံ တွင် ယူ-၂၃ ကမ္ဘာ့ နပန်းချန်ပီယံ ပြိုင်ပွဲ   ကို စတင် ကျင်းပခဲ့ ကြောင်း ဗုဒ္ဓဟူးနေ့ တွင်  အုပ်စု ၅ စု ၏ ဖိုင်နယ်ပွဲ များ ကို ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

အီရန်နပန်းအသင်း၏ ဖူးရာ ဒါဒ်မရ်ဇ် ၊ အီမာန် မိုဟမ္မဒ်သည် နှင့် ဆရက်ဒ် ဒါနီယာလ် စဲဟ်ရာဘီ တို့ သည် ရွှေတံဆိပ်ဆု ၃ ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ် ။  အမီးရ် အဗ်ဒီ ၊ အလီအဲက်္ကဗရ် ယူစွဖ်ဖီ  နှင့် အလီအါဗစ်ဒ်ဒီ တို့သည် ကြေးတံဆိပ်များ ကို ဆွတ်ခူး ရရှိခဲ့ပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ  H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ အီရန် နပန်း အသင်း ၏ အောင်မြင်မှုသည် အီရန် နိုင်ငံ အတွက် ဝမ်းမြောက်ဂုဏ်ယူစရာ တစ်ခု ဖြစ်ကြောင်း ချီးမွမ်း သည့် သဝဏ်လွှာ ရေးသားခဲ့ပါတယ်။


 သမ္မတကြီးမှ ဆက်လက်ပြီး ဤကဲ့သို့ အောင်ပွဲခံခဲ့သည့်ည သည် ကျနော်တို့၏ ချစ်လှစွာသော လူငယ် များ စွမ်းရည် ၊ အရည်အသွေး များ ကို ပြသခြင်း ဖြစ်ပြီး နပန်း နယ်ပင်တွင် အီရန် လူငယ်များ ၏ ကြိုးစား အားထုတ်များကြောင့် အောင်ပွဲများ ခံနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ  H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ အီရန် နပန်း အသင်း ၏ နပန်းသမားများ ၊နည်းပြ ဆရာများ နှင့် ဝန်ထမ်းများကို ချီးကျူး ဂုဏ်ပြုခဲ့ ကြောင်း သိရှိရပါတယ်။


****************************************************************
END / 251