အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီနိုင်ငံရေး လှုပ်ရှားသူ တစ်ဦးဖြစ်သူ အလီဟာရှင်မ် မှ အကျော်အမော် ဆော်ဒီ ရှီအဟ်ပညာရှင် အာယာသွလ္လာဟ် မိုဟမ္မဒ် အလ်အမရီ ၏ သား H.I ရှိက္ခ် ကာစင်မ် အလ်အမရီ သည် မဒီနာ မြို့ တွင် ဖမ်းဆီးခံရကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အလီဟာရှင်မ် အနေဖြင့် မိမိသား နှစ်ဦးအား ဆော်ဒီလုံခြုံရေး တပ်ဖွဲ့ မှ ဧပြီလ ၈ ရက်နေ့ တွင်ဖမ်းဆီးခဲ့ကြောင်းထိုအချိန် ကတည်းက အာယာသွလ္လာဟ် မိုဟမ္မဒ် အလ်အမရီ ၏ သား H.I ရှိက္ခ် ကာစင်မ် အလ်အမရီကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
H.I ရှိက္ခ် ကာစင်မ် အလ်အမရီ သည် အာယာသွလ္လာဟ် မိုဟမ္မဒ် အလ်အမရီ ၏ သား ဖြစ်ပြီး မဒီနာ ရွှေမြို့တော် ၏ ထင်ပေါ် ကျော်ကြားသူများ မှ တစ်ဦး ဖြစ်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံသည် အထူးသဖြင့် အရှေ့ပိုင်းဒေသတွင် နိုင်ငံရေးစာရေးဆရာများနှင့် လူ့အခွင့်အရေး အတွက် လှုပ်ရှားသူများ ကို တရားစွဲဆိုခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းတို့ဖြင့် ဖမ်းဆီးခြင်း များကို ပြင်းထန်စွာ ပြုလုပ်လာကြောင်း သိရှိရပါတယ်။
****************************************************************
END / 251