အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒိုအာ နွဒ်ဗဟ် ဆိုသည်မှာ အေမာမ် ဇမာန်း (အ.ဂျ) ထံ အကူ အညီတောင်းခံခြင်း နှင့် သခင်ကြီး အကွယ်မှာရောက်နေသည့်အတွက် ဝမ်းနည်းကြေကွဲ ခြင်း အကြောင်း ပါသည့် ဒိုအာ ဖြစ်ပါတယ်။
နွဒ်ဗဟ် ၏ အဓိပ္ပာဟ် မှာ ငိုကြွေးမြည်တမ်းခြင်း ဟု ရပါတယ်။
အေမာမ် ဇမာန်း (အ.ဂျ) အကွယ်တွင်ရောက်နေသည့် အတွက် ဝမ်းနည်း ကြေကွဲ ပြီး ငိုကြွေးမြည်တမ်းခြင်းကို ပြုသည့် အတွက် ဤ ဒိုအာ အား ဒိုအာ နွဒ်ဗဟ် ဟု ခေါ်ဆို ခြင်းဖြစ်ပါတယ်။
ဤဒိုအာ အား ပထမအကြိမ် ဟီဂျရီ ၆ ရာစု ၏ အာလင်မ် မိုဟမ္မဒ် ဗင် ဂျအ်ဖရ်မရှ်ဟဒ်ဒီ (ရ.ဟ) မှ မိမိ၏ المزار الکبیر ကျမ်း တွင် တင်ပြထားပါတယ်။ ပြီးနောက် ဆရက်ဒ် အစ်ဗ်နေ သွာဟူစ် (ရ.ဟ) မှ မိမိ اقبال الاعمال ကျမ်းတွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံ မှ ဆင့်ပြန် ပြီး ဖော်ပြထားပါတယ်။
ဤဒိုအာ အား အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ဟဒီးစ်တော် အရ
(၁) ရမ်တွာန်အီးဒ်နေ့
(၂) ကုရ်ဗာန်ီ အီးဒ်နေ့
(၃) ဂဒီးရ် အီးဒ် နေ့
(၄) သောကြာနေ့ တွင် ရွတ်ဖတ်ခြင်း သည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။
ဒိုအာ တွင်
(၁)အလ္လာဟ် ဟို အရှင်မြတ် အား ချီးမွမ်းထောမနခြင်း
(၂)တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် အိမ်တော်သူ၊ အိမ်ထောင်သား (အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် သရူးဒ်(ခ) ပို့ခြင်း
(၃)တမန်တော်မြတ်များ (အ.စ) ကို စေလွတ်တော်မူသည့် ဟေက်မသ်
(၄) အူလွန်လ်အဇ်မ် တမန်တော်များ(တမန်တော် မြတ်ကြီး ၅ ပါး ) (အ.စ) ၏ အရေးကြီး အစိတ်အပိုင်းများ
(၅) ဟဇရသ် အေမာမ် အလီ (အ.စ) ၏ ခေလာဖသ် အကြောင်း
(၆) ဟဇရသ် အေမာမ် အလီ (အ.စ) ၏ ကြီးကျယ် မြင့်မြတ် မှုများ မှ အချို့
(၇) သာသနာ့ ရန်သူများ ၏ သစ္စာဖောက်ခြင်း နှင့် ရက်စက်ကြမ်းကြုတ်မှု အကြောင်း
(၈) အေမာမ် ဇမာန်း (အ.ဂျ) ထံ အကူအညီတောင်းခံခြင်း
(၉) တမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) ၏ အနွယ်တော်မွန် မှ ကျန်နေသည့် နောက်ဆုံး မအ်စူးမ် ကို ဖူးတွေ့လိုကြောင်း
(၁၀) အေမာမ် ဇမာန်း (အ.ဂျ) အမြန်ဆုံး အကွယ်မှာ ဖူးပွင့်ရန် တောင်းဆိုခြင်း
(၁၁) မှန်ကန်သည့်အစိုးရ (အေမာမ် ဇမာန်း (အ.ဂျ) ၏ အစိုးရ ) ထူ ထောင်ခြင်း
(၁၂) မုသာဝါဒ ၏ ကျဆုံးခြင်း ၊ဖျက်စီးခြင်း အကြောင်း
(၁၃) အေမာမ် ဇမာန်း (အ.ဂျ) နှင့် ခိုင်ခံ့သည့် ဆက်သွယ် တို့ ပါဝင်ပါတယ်။
မူရင်း ကိုးကားကျမ်းများ
(1)
ابن مشهدی، محمد بن جعفر، «المزار
الکبیر»، قم، جامعه مدرسین، ۱۴۱۹ق
(2) استادی، رضا، «پاسخ معقول و منطقی به یک سؤال»، مجله نور علم، جامعه مدرسین حوزه علمیه قم، ش ۱۷، شهريور ۱۳۶۵
(3) حائری، سید مهدی، «دعای ندبه»، در دائره المعارف تشیع، ج۷، تهران، نشر شهید حسن محبی، ۱۳۸۰ش
(4) سید بن طاووس، «اقبال الاعمال»، قم، دفتر تبلیغات اسلامی، ۱۳۷۶ش
(5) قمی، شیخ عباس، مفاتیح الجنان
(6) مجلسی، محمدباقر، «بحار الانوار»،
بیروت، دار احیاء التراث العربی، ۱۴۰۳ق
(7) مجلسی، محمدباقر، «زاد المعاد»، بیروت، چاپ علاءالدین اعلمی، ۱۴۲۳ق.
****************************************************************
END / 251