၂၀ ဖေဖော်ဝါရီ ၂၀၂၃ - ၁၈:၂၉
ခွမ်းစ် နှင့်ပတ်သက်သည့်  အချို့  ရှရီအီ  အမေးများ နှင့် အဖြေများ  (၁)

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ဖသ်ဝါအရ ခွမ်းစ် ဆိုင်ရာ ရှရီအီ မေးမြန်း ချက်များ ၏ အဖြေများ ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 Hojjat al-Islam wal-Muslimin Dr Mohammad RezaDawoodan ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ဖသ်ဝါ အရ  ခွမ်းစ် ဆိုင်ရာ  ရှရီအီ ဖြေကြား ချက်များ ဖြစ်ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ  ဖသ်ဝါ နှင့် အညီ ပေးထားသည့် အဖြေများမှာ အောက်ပါအတိုင်းဖြစ်တယ်။

 

မေးခွန်း

ခွမ်းစ် မထုတ်သည့် မိသားစု နှင့် ပေါင်းသင်း နေထိုင်ခြင်း နှင့်ပတ်သက်သည့် အမိန့် မည်သို့ လာရှိပါသနည်း  ?

အဖြေ

·         ၎င်းမိသားစု နှင့် ပေါင်းသင်း နေထိုင်ခြင်း သည် ပြဿနာ မရှိချေ။ (ပိုင်၏။)

·         ၎င်းတို့၏စားစရာသောက်စရာကိုလည်း အသုံးပြု နိုင်ပါတယ်။

·         ဆက်လက်ပြီး မိမိ ပြောစကား နားထောင် မည်ဟုမျှော်လင့်လျင်  ထိုမိသားစု အား ခွမ်းစ်ထုတ်ရန် သွန်သင်ပေးရပါမည်။

 

မေးခွန်း

အဖေဖြစ်သူသည့် ခွမ်းစ် မထုတ်ပါ။ အဖေ လုပ်စား၊စားနေသူများ ၏ မည်သည့် တာဝန် ဝတ္တရာ ရှိပါသနည်း ?

အဖြေ

၎င်းတို့ အပေါ် မည်သည့် ရှရီအီ တာဝန်ဝတ္တရာ မျှ မရှိချေ။

 

မေးခွန်း

ကျနော်တို့ကတော့ ဧည့်သည်တွေ ဖြစ်ပါတယ်။ ကျွေးသည့် (အိမ်ရှင်၏) အစားအသောက် အပေါ် ခွမ်းစ် ထုတ်ရန် ဝါဂျစ်ဗ်ဆိုတာလည်း သိနေပါတယ်။ (၎င်း အိမ်ရှင် ‌ကျွေးသည့် ) အစားကို စား ခွင့် ရှိပါသလား ?

အဖြေ

စားနိုင်ပါတယ်။ ခွမ်းစ်ထုတ်ရန် အိမ်ရှင် ၏  မပြုမနေရ (ဝါဂျစ်ဗ်) တာဝန် ဖြစ်ပါတယ်။

 

မေးခွန်း

ခွမ်းစ်ကို နှစ်စဥ် ပုံမှန် မထုတ်သူများ ရှိပါတယ်။ ၎င်းတို့ ၏ အိမ်တွင် နမာဇ် ဝတ်ပြု ခွင့် ရှိပါသလား ?

အဖြေ

ဟုတ်ကဲ့ ၊ ဝတ်ပြု နိုင်ပါတယ်။

 

မေးခွန်း

ခွမ်းစ် ထုတ်ရန် ဝါဂျစ်ဗ် ဖြစ်ပြီး မထုတ်ထားသည့်  မြေမှန်းသိပါတယ်။ ထိုမြေ တွင် နမာဇ် ဝတ်ပြု နိုင်ပါသလား ?

အဖြေ

နမာဇ် အားလုံး အဲဟ်သေယာသွ် သွေဝါဂျစ်ဗ် အရ ဖျက်ပါတယ်။ (မပိုင်ချေ။ ) ။ မွတ်ဂျ်သဟစ်ဒ် သို့မဟုတ်  မွတ်ဂျ်သဟစ်ဒ် ၏ ကိုယ်စားလှယ် ထံ ခွင့် ယူပြီး ဝတ်ပြုလျင် တော့ မှန် ပါတယ်။ (ပိုင်ပါတယ်။)        

 

မေးခွန်း

မရ်ဟွန်မ် ဝါဂျစ်ဗ် ခွမ်းစ် ထုတ်ရန် တာဝန် ရှိနေပါတယ်။ မထုတ်ခင်အလျင် ၎င်း အိမ်တွင် နမာဇ် ဝတ်ပြု နိုင်ပါသလား ?

အဖြေ

မထုတ်ခင်အလျင် အမွေဆိုင်များ ထံ မှ ခွင့်တောင်းပြီး ဤအိမ်တွင် နမာဇ် ဝ်ပြုလျင် မှန်ပါတယ်။ (ပိုင်ပါတယ်။ )

 

မေးခွန်း

ခွမ်းစ် ကို လက်လည်းမခံ ၊ထုတ်လည်း မထုတ်သည့် ရှီအဟ် မဟုတ်သူများ နှင့် စီးပွား‌ရေး လုပ်ပိုင်ခွင့်ရှိပါသလား?

အဖြေ

ဟုတ်ကဲ့ ၊ ရပါတယ်။

 

မေးခွန်း

ခွမ်းစ် မထုတ်သည့် ရှီအဟ် တစ်ဦး တစ်ယောက် နှင့် စီးပွားရေး လုပ်ပိုင်ပါသလား ?

အဖြေ

ဟုတ်ကဲ့ ၊ ပြုနိုင်ပါတယ်။

 

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251