အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် မီဇာန်းနိုလ်ဟေက်မဟ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول الله صلی الله علیه وآله وسلم:
مَن جُرِحَ في سَبيلِ اللّه ِ جاءَ يَومَ القِيامَةِ ريحُهُ كَرِيحِ المِسكِ ... عَلَيهِ طابَعُ الشُّهَداءِ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
အကြင်မည်သူမဆို အလ္လာဟ်ဟို အရှင်မြတ် ၏ လမ်း တွင် ဒဏ်ရာ ရရှိမည်ဆိုလျင် ကေယမသ်နေ့တွင် ၎င်း ၏ ကိုယ်ခန္ဓာသည် ကတိုးအနံ့ကဲ့သို့ မွှေးကြိုင်သည့် အနံ့ ကို ထွက်နေပြီး လာရောက် မည် ဖြစ်ပါသည်။ ၎င်းထံတွင် ရှိုဟဒါအ် (အလ္လာဟ့်လမ်းတွင်ရှဟီးဒ်ဖြစ်သွားသူများ(ခ) အလ္လာဟ့် လမ်းတွင် အသက်များ စတေးခဲ့သူများ ) ၏လက္ခဏာများ ရှိပေမည်။
ကျမ်းကိုး ။ ။ မီဇာန်းနိုလ်ဟေက်မဟ် ကျမ်း ၊ ဟဒီးစ်တော်အမှတ် ၉၈၁၄
မှတ်ချက် - အထက်ပါဟဒီးစ်တော် တွင် ရှဟီးဒ် ( အလ္လာဟ့်လမ်းတွင် အသက် စတေးသူ) ၏ အဆင့်အတန်းကို သိရှိရမည် ဖြစ်ပါတယ် ။ ကျွန်ုပ်တို့အား ရှဟီးဒ်များ ကို ရိုသေလေးစား ရမည် ဖြစ်ပါ တယ် ။
****************************************************************
END / 251