အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ သတင်း အထောက်အထားများ အရ ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ထားတဲ့ နယ်ချဲ့ အစ္စရေးအစိုးရတပ်များ ၏ ရက်စက်ကြမ်းကြုတ် လူမဆန် သည့် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အပြစ်မဲ့ ပါလက်စတိုင်းတွေ အခုအချိန်အထိ ထောင်နဲ့ချီပြီး အသက်ပေးခဲ့ကြရပါတယ်။ ရှဟီးဒ် ဖြစ်သွား သူများ တွင် ကလေးများ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အို များ အပြား ပါဝင် ပါတယ်။
တစ်ဖက်တွင်မူ ဟားမတ်စ်၏ မိုဂျဟစ်ဒ်ဒီးန် များနှင့် အခြားသော ပါလက်စတိုင်း အဖွဲ့အစည်းများကလည်း စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ကို ဆန့်ကျင်တိုက်ခိုက်နေပြီး စစ်သွေးကြွ နယ်ချဲ့ အစ္စရေး တပ်သားများ ကို သုတ်သင် ပေးလျက်ရှိပါတယ် ။
ဂါဇာကမ်းမြောင်ဒေသမှာ မနေ့က တိုက်ပွဲတွေအတွင်း စစ်သွေးကြွ နယ်ချဲ့ အစ္စရေးစစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ ဂါဇာကမ်းမြှောင်တွင် နိုဝင်ဘာ ၁ ရက်က သေဆုံးခဲ့သည့် အစ္စရေး စစ်သားများနှင့်အတူ အိန္ဒိယနွယ်ဖွား စစ်သားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။
ဤအိန္ဒိယနွယ်ဖွားအစ္စရေးစစ်သား၏အမည်ကို Hillel Sulaiman ဟုခေါ်ပါတယ်။ အသက် 20 နှစ်အရွယ် အိန္ဒိယနွယ်ဖွား အစ္စရေးစစ်သား သည် နယ်ချဲ့ အစ္စရေးတောင်ပိုင်း Dimona မြို့တွင် နေထိုင်သူဖြစ်ပါတယ်။ ဟားမတ်စ်တို့၏ တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုကြောင့် အဆိုပါ စစ်သားတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
Dimona မြို့သည် အစ္စရေးနျူကလီးယားဓာတ်ပေါင်းဖိုအတွက် လူသိများသော်လည်း အချို့သောလူများက အိန္ဒိယနိုင်ငံမှ ဂျူးလူမျိုးများ ယူဆောင် လာခြင်းကြောင့် "Mini India" ဟုခေါ်ကြပါတယ်။
ကျူးကျော်နေမဲ့သိလျက် မတရားသည့်ဘက်က ပါဝင်တိုက်ရဲသည့် အိန္ဒိယနွယ်ဖွား အစ္စရေးစစ်သား ကို ကြည့် ပြီး မွတ်စလင်မ် လူငယ်များသည်လည်း သူတောင် လမ်းမှားနေလျက် အသေခံရင်လျှင် ငါတို့ ဟာ လမ်းမှန်လျက် အဘယ်ကြောင့် မသေရဲရပါသနည်း? တစ်သက်မှာ တစ်ခါ သေရမှာ ဖြစ်လို့ မွန်မြတ်သည့်လမ်း ၊ အလ္လာဟ့် လမ်း မှာ အသက်မတေးရပါသနည်း ? ဟု မိမိကိုယ့်ကို မေးခွန်း များ ထုတ်သင့်ပါတယ်။
****************************************************************
END / 251