Sahar News နှင့် IRNA သတင်း အထေက်အထားများ အရ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ညကြားတွင် နေတန်ယာဟုအား ဆန့်ကျင်သည့်ဆန္ဒပြမှုများသည် ပြင်းထန်လာပြီး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ Sama မှ ဖော်ပြထားကြောင်း သိရှိရပါတယ်။
ဇီယွန်စစ်ဝန်ကြီး၏ ဇနီး Yoav Gallant က အစ္စရေး အကျဉ်းသားများ၏ မိသားစုများ နေရာတွင် ကျမလည်း ရှိမည်ဆိုပါက သူတို့ အတိုင်း လုပ်မှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် နေတန်ယာဟု နှင့် ၎င်း၏အစိုးရအဖွဲ့ကို တဲလ်အဗစ်တွင် ထပ်မံဆန္ဒပြခဲ့ကြကြောင်း ဇီယွန်ဝါဒီလိုလားသော မီဒီယာများက ဖော်ပြထားပါတယ်။ ဇီယွန်အစိုးရ၏ Channel 12 မှ ဆန္ဒပြသူများသည် တဲလ်အဗစ် (Tel Aviv) ရှိ ဇီယွန်အစိုးရ၏ စစ်ပွဲရေးရာဝန်ကြီးဌာနရှေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု ဆိုထားပါတယ်။
ဆန္ဒပြသူ အစ္စရေး ပြည်သူ များသည် မိမိတို့၏ အကျဉ်းသားများကို ချက်ခြင်းလွှတ်ပေးရန်နှင့် ဟားမတ်စ်နှင့် အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့ကြပါတယ်။
.......................................................
END / 251