Maher News ၏ အဆိုအရ အစ္စလာမစ် တော်လှန်ရေးအစောင့်တပ်၏ Quds Force အကြီးအကဲ ဗိုလ်ချုပ် အစ်မာအီးလ် ကာအာနီ သည် ယာယီနိုင်ငံခြားရေးဝန်ကြီး အလီ ဘကဲရ်ရီ ကနီ နှင့် အီရန်နိုင်ငံခြား ရေးဌာနရုံးတွင် တွေ့ဆုံခဲ့ပြီး ပါလက်စတိုင်းအပါအဝင် ဒေသတွင်းနောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါ တယ်။
တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီး အစ်မာအီးလ် ကာအာနီ သည် ပါလက်စတိုင်းအပါအဝင် ဒေသတွင်းရှိ ဖိနှိပ်ခံ ရသူများ အတွက် အကောင်းတကာ အကောင်းဆုံး သံခင်းတမန်ခင်း ဆိုင်ရာ ဝန်ဆောင်မှုများ အတွက် နိုင်ငံခြား ရေးဝန်ကြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ရှဟီးဒ် ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) အား ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဆိုပါ အခမ်းအနားတွင် ယာယီနိုင်ငံခြားရေးဝန်ကြီး အလီ ဘကဲရ်ရီ ကနီ မှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက် လည်ပတ်ခဲ့သည့် ဗိုလ်ချုပ်ကြီး အစ်မာအီးလ် ကာအာနီ အား ကျေးဇူးတင်ရှိကြောင်းနှင့် ကာကွယ် ရေး နှင့် သံတမန်ရေးရာ ကဏ္ဍများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေ မည့် မဏ္ဍိုင်နှစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ယာယီနိုင်ငံခြားရေးဝန်ကြီး အလီ ဘကဲရ်ရီ ကနီ မှ ကြံ့ကြံ့ခံ မှုသည် ဖိနှိပ်မှုနှင့် မတရားမှုများကို ဆန့်ကျင်သည့် ဂျေဟာဒ် လှုပ်ရှားမှုတစ်ခုသာမက အောင်မြင်ပြီး ထိရောက်သော အစိုးရတစ်ရပ်၏ လက်တွေ့ကျသော ဥပမာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251