Ekna News ၏အဆိုအရ ဆော်ဒီအာရေးဗီးယားတရားရုံးချုပ်သည် ဇွန် ၆ ရက် ည တွင် လကိုမြင် တွေ့ခဲ့ကြောင်းနှင့် ဇွန်လ ၁၅ ရက်နေ့ စနေနေ့ သည် ဇေလ်ဟဂျ်ဂျဟ် ၏ ကိုးရက်မြောက်နေ့ ဖြစ်ပြီး အီးဒ်ဒိုလ်အဇ်ဟာ သည် တနင်္ဂနွေနေ့ တွင် ဖြစ်ကြောင်း အတည်ပြုခဲ့ ပါတယ်။
ဆော်ဒီအာရေးဗီးယား တရားရုံးချုပ်၏ မကြာသေးမီက ဆုံးဖြတ်ချက်အပေါ် အခြေခံ၍ ဇေလ်ဟဂျ်ဂျဟ် ၏ ၁ ရက်မြောက်နေ့သည် ဇွန်လ ၇ရက်နေ့ သောကြာနေ့ ဖြစ်ပြီး ဇွန်လ ၁၆ ရက် နေ့ တနင်္ဂနွေနေ့တွင် အီးဒ်ဒိုလ် အဇ်ဟာ ပြုလုပ်မည် ဖြစ်ကြောင်း အီဂျစ်နိုင်ငံ ဒါရိုမှ ကြေညာခဲ့ပါတယ်။
ဂျော်ဒန်နိုင်ငံ ၏ မုဖ်သီချုပ်မှ ဇွန်လ ၇ရက်နေ့ သောကြာနေ့ကို ဇေလ်ဟဂျ်ဂျဟ် ၏ ၁ အဖြစ် အတည်ပြုခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့ စနေနေ့ သည် အာရာဖသ် နေ့ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့ သည် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဖြစ်မည်ဟု ကြေငြာခဲ့ပါတယ်။
စ်ချိန်တည်းမှာပင်၊ ဂျေရုဆလင်နှင့် ပါလက်စတိုင်းနယ်မြေများရှိ မုဖ်သီချုပ် ရှိက်ခ် မိုဟမ္မဒ် ဟိုစိုင်းန် မှ လည်း ဇွန်လ ၇ရက်နေ့ သောကြာနေ့ကို ဇေလ်ဟဂျ်ဂျဟ် ၏ ၁ အဖြစ် အတည်ပြုခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့ စနေနေ့ သည် အာရာဖသ် နေ့ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့ သည် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဖြစ်မည်ဟု ကြေငြာခဲ့ပါတယ်။
တူနီးရှားနိုင်ငံ ဒါရိုလ်အစ်ဖ်သွာအီ မှလည်း ကြောညာချက် တစ်ခု ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၇ရက်နေ့ သောကြာနေ့ကို ဇေလ်ဟဂျ်ဂျဟ် ၏ ၁ အဖြစ် အတည်ပြုခဲ့ပြီး ဆော်ဒီ နှင့် အတူ ဇွန်လ ၁၅ ရက်နေ့ စနေနေ့ သည် အာရာဖသ် နေ့ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့ သည် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဖြစ်မည်ဟု ကြေငြာခဲ့ ပါတယ်။
အယ်လ်ဂျီးရီးယားနိုင်ငံ ၏ သာသနာရေး နှင့် ဝကာဖ် ဆိုင်ရာ ဝတ်းကြီး ဌာန မှလည်း ဇွန်လ ၇ရက်နေ့ သောကြာနေ့ ကို ဇေလ်ဟဂျ်ဂျဟ် ၏ ၁ အဖြစ် အတည်ပြုခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့ စနေနေ့ သည် အာရာဖသ် နေ့ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့ သည် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဖြစ်မည်ဟု ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။
မြောက်အာဖရိကတွင် တည်ရှိသော အာရပ်နိုင်ငံဖြစ်သည့် လစ်ဗျားနိုင်ငံ ၏ ဒါရိုလ်အစ်ဖ်သွာအီ မှလည်း ဇွန်လ ၇ရက်နေ့ သောကြာနေ့ ကို ဇေလ်ဟဂျ်ဂျဟ် ၏ ၁ အဖြစ် အတည်ပြုခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့ စနေနေ့ သည် အာရာဖသ် နေ့ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့ သည် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဖြစ်မည်ဟု ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။
အီရတ်၏တရားဝင်သတင်းအေဂျင်စီ (WAA) မှလည်း အီရတ်နိုင်ငံရှိ ဆွန်နီ ဝကာဖ် ဆိုင်ရာ တရားရုံး မှ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဇွန်လ ၇ရက်နေ့ သောကြာနေ့ ကို ဇေလ်ဟဂျ်ဂျဟ် ၏ ၁ အဖြစ် အတည်ပြုခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့ စနေနေ့ သည် အာရာဖသ် နေ့ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့ သည် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဖြစ်မည်ဟု ကြေငြာခဲ့ပါတယ်။
"Kurdistan TV" ရုပ်မြင်သံကြားလိုင်းမှ ဝကာဖ် နှင့် Kurdistan ဒေသ၏ဘာသာရေး ၀န်ကြီးဌာနမှ လည်း အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ကိုအီရတ်မြောက်ဘက်တွင် ဇွန်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပ မည် ဖြစ်ကြောင်းဖော်ပြခဲ့သည်။
ဇွန်လ ၁၇ ရက်နေ့ တနင်းလာနေ့ တွင် အီရန် အစ္စလာမ်မစ် နိုင်ငံ နှင့် အခြား အစ္စလာမ် နိုင်ငံ များတွင် လည်း အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ကျင်းပမည် ဖြစ်ပါတယ်။
အဘူဒါဘီ အခြေစိုက် နိုင်ငံတကာ နက္ခတ္တဗေဒ စင်တာက အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ကို ဇွန်လ ၁၇ ရက် တနင်္လာနေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ အိန္ဒိယနှင့် အိုမန်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံပြက္ခဒိန်တွင် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ကို ဇွန်လ ၁၇ ရက် တနင်္လာနေ့ တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မော်ရိုကိုနိုင်ငံ၏ ဝကာဖ် နှင့် အစ္စလာမ့်ရေးရာဝန်ကြီးဌာနမှလည်း ဇွန်လ ၈ရက်နေ့ စနေနေ့ ကို ဇေလ်ဟဂျ်ဂျဟ် ၏ ၁ အဖြစ် အတည်ပြုခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့ တနင်္ဂနွေနေ့ သည် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဖြစ် ကြောင်း ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။
မော်ရီတေးနီးယား ရှိ အမျိုးသားလခြမ်းကော်မတီ မှလည်း ဇွန်လ ၈ရက်နေ့ စနေနေ့ ကို ဇေလ်ဟဂျ်ဂျဟ် ၏ ၁ အဖြစ် အတည်ပြုခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့ တနင်္ဂနွေနေ့ သည် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဖြစ် ကြောင်း ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ တွင် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဇွန်လ ၁၈ ရက်နေ့ အင်္ဂါနေ့ တွင် ကျင်းပမည် ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှလည်း ၂၀၂၄ ခုနှစ် ဇွန်လ 7 ရက် သောကြာနေ့ည တွင် ဆန်းဦးလ ကို တိမ်ထူ ထပ်နေသည့် အတွက်ကြောင့် မြင်တွေ့ခြင်းအား အတည်မပြုခဲ့ချေ။ ပြီးနောက် ဇွန်လ ၉ ရက်နေ့ ဇေလ်ဟဂျ်ဂျဟ် ၏ ပထမဆုံး နေ့ ဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့သည် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဖြစ်ပါတယ်။
အီရတ် နိုင်ငံ နဂျဖ် ဖေအရှ်ရဖ် မြို့ အခြေဆိုက် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ရုံး မှလည်း ဇွန်လ ၈ရက်နေ့ စနေနေ့ ကို ဇေလ်ဟဂျ်ဂျဟ် ၏ ၁ အဖြစ် အတည်ပြုခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့ တနင်္ဂနွေနေ့ သည် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် ဖြစ် ကြောင်း ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။
ထို့ကြောင့် ယခုနှစ် ၂၀၂၄ ခုနှစ် အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် အား ဆော်ဒီ နှင့် အာရပ် နိုင်ငံအချို့ တွင် ဇွန်လ ၁၆ ရက်နေ့ ၊ အီရန် ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ အိန္ဒိယနှင့် အိုမန် စသည်တို့ တွင် ဇွန်လ ၁၇ ရက်နေ့ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ တွင် ဇွနလ ၁၈ ရက်နေ့ ကို ကျင်းပ ကြမည် ဖြစ်ပါတယ်။
အဗ်နာ ပရိတ်သတ်ကြီး အား ကြိုတင်၍ အီးဒ်ဒိုလ်အဇ်ဟာ (ခ) ကုရ်ဘာနီ အီးဒ် မိုဘာရတ်က် ဟု ပြောကြား အပ်ပါတယ်။
.......................................................
END / 251