၅ အောက်တိုဘာ ၂၀၂၄ - ၁၆:၅၀
အစ္စရေးအပေါ် အီရန်၏တိုက်ရိုက် အရေးယူ တိုက်ခိုက် မှုကြောင့် လက်ဘနွန်တွင် ရန်သူ၏ ဒေါ်လာဘီလီယံ ၃၀၀ တန် ကြံစည်မှု များကို ပျက်စေခဲ့ပါတယ် / ရှိက်ခ်ဃာဇီ ယူစွဖ် ဟနီနဟ်

လက်ဘနွန် မွတ်စလင်မ် ပညာတော်သင်များ ကောင်စီ ဥက္ကဌ ရှိက်ခ်ဃာဇီ ယူစွဖ် ဟနီနဟ် မှ အစ္စရေးအပေါ် အီရန်၏တိုက်ရိုက် အရေးယူ တိုက်ခိုက် မှုကြောင့် လက်ဘနွန်တွင် ရန်သူ၏ ဒေါ်လာဘီလီယံ ၃၀၀ တန် ကြံစည်မှု များကို ပျက်စေခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အဆိုအရ လက်ဘနွန် မွတ်စလင်မ် ပညာတော်သင်များ ကောင်စီ ဥက္ကဌ ရှိက်ခ်ဃာဇီ ယူစွဖ် ဟနီနဟ် မှ  " ဟစ်ဘွလ္လာဟ် လက်ဘနွန် နှင့်  ရှဟီးဒ် အလာမဟ် ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် ၏ ခေတ်မီအစ္စလာမ့်ယဉ်ကျေးမှုဖွဲ့စည်းခြင်းတွင် အခန်းကဏ္ဍ " ခေါင်းစဉ်ဖြင့်  ကျင်းပသည့် အစည်းအဝေးတွင် အီရန်၏ တိုက်ရိုက်အရေးယူ တိုက်ခိုက် ဆောင်ရွက်မှု နှင့် အလ်အက်ဆွာ မုန်တိုင်းအတွက် ၎င်း၏ ပံ့ပိုးကူညီမှု ကြောင့် လက်ဘနွန်တွင် ရန်သူ၏ ဒေါ်လာဘီလီယံ ၃၀၀ တန် ကြံစည်မှု များကို ပျက်စေခဲ့ ကြောင်း ပြောကြားခဲ့ ပါတယ်။

ရှိက်ခ်ဃာဇီ ယူစွဖ် ဟနီနဟ် မှ အကြင်မည်သူမဆို လူ့အဖွဲ့အစည်းအတွင်း အထူး သဖြင့် မွတ်စလင်မ် အွန်မသ် အတွင်း စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကို ပျံ့နှံ့ အောင်ပြုမည်ဆိုလျင် ထိုသူ ပြုမှုခြင်း သည် အမှန်တကယ် လူ့အဖွဲ့အစည်း အား ဖျက်ဆီးရေးတွင်  ( အစ္စလာမ် ရန်သူများ အား)  ကူညီဖေးမနေခြင်း ဖြစ်သည်ဆိုသည့် တမန်တော်မြတ် မုဟမ္မဒ် (ဆွ) ၏  ဟဒီးဆ်တော် မြတ် အား ကိုးကား၍ မိမိတို့ ၏ စွမ်းအား နှင့် အရည်အချင်းများ ကို အထူး  အလေးထားဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

ရှဟီးဒ် အလာမဟ် ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် ၏ ကိုယ်ရည်ကိုယ်သွေး ဆိုင်ရာ မတူညီသော ရှုထောင့်များ ကြားတွင် "လူသားဆန်ခြင်းနှင့် ပညာရှင်ဖြစ်ခြင်း" ကို အလေးပေးပြောကြားရင်း ရှဟီးဒ် အလာမဟ် ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် သည် တန်ဖိုးရှိသော လူသားတစ်ဦးဖြစ်ပြီး သူ၏ လူသားဆန်မှုသည် မြင့်မားသော အဆင့်တွင်ရှိပြီး ပညာရှင်တစ်ဦးဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

ရှိက်ခ်ဃာဇီ ယူစွဖ် ဟနီနဟ် မှ  ဆက်လက်ပြီး ရှဟီးဒ် အလာမဟ် ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် ၏ ကျိုးနွံ မှုသည် မှတ်သား ဖွယ်ကောင်းကြောင်း ဆယက်ဒ် အနေဖြင့် လူထု နှင့် မာန်မာန မရှိ စွာ ပြောဆို ဆက်ဆံ ကြောင်း တစ်စုံ တစ်ယောက်နှင့် စကားပြောသောအခါတွင်၊ ချစ်ခြင်းမေတ္တာ နှင့် ပြောဆို ကြောင်း ပြောကြားခဲ့ ပါတယ်။

ရှဟီးဒ် အလာမဟ် ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် ၏ နောက်ထပ်ထူးခြားချက်မှာ သူကိုယ်တိုင်က အနာဂတ် ကို အကောင်းမြင်တတ်ပြီး သူနှင့်အတူ အချိန်ကုန်ဆုံးသူတိုင်းသည်လည်း အနာဂတ်အတွက် အကောင်း မြင် လာတတ် ကြောင်း ထပ်၍  ပြောကြားခဲ့ပါတယ်။

လက်ဘနွန် မွတ်စလင်မ် ပညာတော်သင်များ ကောင်စီ ဥက္ကဌ ရှိက်ခ်ဃာဇီ ယူစွဖ် ဟနီနဟ် မှ ထပ်၍ ရှဟီးဒ် အလာမဟ် ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် ၏ ကိုယ်ရည်ကိုယ်သွေးသည် ရှီအာများအတွက် သာမဟုတ်ဘဲ  လက်ဘနွန်ရှိ အုပ်စုများအားလုံး အတွက်  ယုတ်စွ ရှီအဟ်ဖြစ်စေ စွန်နီ ဖြစ်စေ ဒရ်ဝေဇီ ဖြစ်စေ မာရိုနီ ဖြစ်စေ နှင့် အခြားမည်သည့်အရာမဆို ချစ်ခင် နှစ်သက် ကြကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လက်ဘနွန်နိုင်ငံတွင် အိုလမာ  သို့မဟုတ် အရေးပါအရာ‌ ရောက်သည့် ပုဂ္ဂိုလ် တစ်ဦးဦး ဖြစ်စေ ဒုက္ခရောက်သောအခါ ရှဟီးဒ် အလာမဟ် ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် သည် ၎င်းတို့ထံ ပထမဆုံး အကူအညီပေးရန် ရောက် ရှိသူ ဖြစ်ကြောင်း ရှိက်ခ်ဃာဇီ ယူစွဖ် ဟနီနဟ် မှ  ပြောကြားခဲ့ပါတယ်။

.......................................................

END / 251