၁၀ အောက်တိုဘာ ၂၀၂၄ - ၀၆:၄၇
အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆော်ဒီ အိမ်ရှေ့မင်းသားတို့ ကြား ဆွေးနွေးပွဲတွင် ဒေသတွင်း တင်းမာမှုများ ကို အဆုံး သတ်ရန် ပူးတွဲကြိုးပမ်းမှုများကို အလေးပေးပြောကြား

အီရန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်တွင် ဆော်ဒီအိမ်ရှေ့မင်းသားက အရှေ့အလယ်ပိုင်းတွင် ဆက်လက် ဖြစ်ပွား နေသော တင်းမာမှုများ အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပူးပေါင်းကြိုးပမ်းမှု များ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကြီ  သည် ဆော်ဒီအာရေဗျနိုင်ငံသို့ လာရောက် စဉ်အတွင်း ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မုဟမ္မဒ် ဘင်န် စလ်မာန် နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံမှုအတွင်း ဆော်ဒီအိမ်ရှေ့မင်းသားက လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုအပေါ် ကျေနပ်အားရမိကြောင်းနှင့် ဆော်ဒီအာရေဗျသည် အဆိုပါဆက်ဆံရေးကို ပိုမို ခိုင်မာစေရန် စိတ်အားထက်သန်ကြောင်း ပြောကြားခဲ့ပါတယ်။

ယခု တွေဆုံချိန် အခါသမယ တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးမှ အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အစိုးရသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို အထူးအလေးထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် သက်သာချောင်ချိရေးတို့အတွက် ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုသည် အီရန်နိုင်ငံ၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း ကိုလည်း အီရန်နိုင်ငံခြား ရေးဝန်ကြီးမှ  ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လက်ဘနွန်နှင့် ဆီးရီးယားသို့ ၎င်း၏ ခရီးစဉ်ကို ရည်ညွှန်းကာ ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုများကို ရပ်တန့်ရန် ကျယ်ပြန့်စွာ ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ဆီးရီးယား၊ လက်ဘနွန်နှင့် ပါလက်စတိုင်းတို့တွင် အရပ်ဘက်တပ်များ နှင့် အရပ်သားများကို ဇီယွန်ဝါဒီအစိုးရ မှ တိုက်ခိုက် နေခြင်းကို ရပ်စေရန်  အရေးတကြီး လိုအပ်ကြောင်း ဆယက်ဒ် အဘာစ် အီရတ်က်ကြီ  မှ ဆက်လက် ပြောကြားခဲ့ပါတယ်။

တွေ့ဆုံစဉ်တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများ ကို အဆုံးသတ်ရန် ဒေသတွင်းနိုင်ငံများ ပူးပေါင်းကြိုးပမ်းရန် လိုအပ်ကြောင်း အလေးပေး ပြောကြား ခဲ့ပါတယ်။

.......................................................

END / 251