အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလ်ကာဖီး မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
عَلِّمُوا أولادَكُم السِّباحَةَ والرِّمايَةَ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« မိမိ၏ သားသမီးများ အား ရေကူး တတ်အောင် နှင့် လေးပစ်တတ်အောင် သင်ပေးရန် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ အလ်ကာဖီး ကျမ်း ၊ အတွဲ ၆ ၊ စာမျက်နှာ ၇
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မိမိတို့၏ သားသမီးများ ကို ရေကူးတတ် အောင် နှင့် လေးပစ်တတ်အောင် ယနေ့ ခေတ်စကားအရဆိုလျင် သေနတ်ပစ်တတ်အောင် စသည်ဖြင့် သင်ကြား ပေး ရမည် ဖြစ်ပါတယ်။ ကိုယ်တော်မြတ် (ဆွ) ဟဒီးစ်တော် မည်မျှ မှန်ကန်သည်ဆိုလျင် ယနေ့ ကျနော်တို့ လက်တွေ့ပင် ဖြစ်ပါတယ်။ သားသမီးများကို ရေကူးတတ်အောင်သင်ကြားပေးထားလျင် ရေကြီးရေတက်လာ သည့် အခါ မိမိ အသက်လွတ်မြောက်အောင် ပြုနိုင်မည်ဖြစ်ပါတယ်။ သူတစ်ပါးကိုလည်း ကူနိုင်မည် ဖြစ်ပါတယ်။လေးပစ်တတ်မည် သို့မဟုတ် သေနတ် ပစ်တတ်မည် စသည်ဖြင့် ဆိုလျင် လိုအပ်သည့် အချိန် ၊အခါ တွင် မိမိ သာသနာ နှင့် တိုင်းပြည်ကို ရန်သူများလက်မှ ကာကွယ် နိုင်မည် ဖြစ်ပါတယ်။
****************************************************************
END / 251