အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် ပါကစ္စတန်မီဒီယာများ၏ ဖော်ပြချက်အရ ပိတ်ပင်ခြင်းခံထားရသည့် တာလီဘန် ၏ အတွင်းပိုင်း ကွဲပြားမှုများသည် ရှေ့သို့ရောက်ရှိလာကြောင်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ နှင့် ၁၄ ရက်ညများတွင် မြောက် ဝါဇီရစ္စတန် မြောက်ပိုင်း မီရာန်းရှားဟ် ဒေသရှိ သပီ ရွာရှိ ဗလီတစ်ခုတွင် အင်အားပြင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနီးနားရှိ နေအိမ်များ ပြိုကျခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သား အများအပြား သေဆုံးကာ ဂျိုင်းရှ်ရှေ အုမရီ အဖွဲ့ မှ အရေးပါသော အကြမ်းဖက်သမား ၅ လည်း သေဆုံးခဲ့ပါတယ်။
တားမြစ်ထားသော တာလီဘန် အကြမ်းဖက်အဖွဲ့များအကြား ရန်လိုမှုများနှင့် ပဋိပက္ခများ ပိုမို ပြင်းထန်လာ ကာ မနေ့ညက မြောက်ပိုင်း ဝါဇီရစ္စတန် ခရိုင်သပီ တွင် ဟာဖေဇ် ဂိုလ်ဘဟာဒရ် အဖွဲ့၏ အလယ်ဗဟိုတွင် နူးရ်ဝလီ အဖွဲ့ မှ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုပါတယ်။
ယနေ့နံနက်တွင် ဟကီးမ်ခခိုင်းလ် ရွာတွင် ဟာဖေဇ် ဂိုလ်ဘဟာဒရ် အုပ်စုသည် နူးရ်ဝလီ မဲဟ်စူဒ် အဖွဲ့ ၏ အဓိကတပ်မှူး ဇဖရ်ရိုဒ်ဒီးန် (ခ) မွတ်ခ်လစ် ကိုသတ်ခဲ့ပါတယ်။
ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ တားမြစ်ထားသော တာလီဘန် အကြမ်းဖက် အုပ်စုများ၏ ဝတ်ပြုရာနေရာများကို အကြမ်းဖက်ရည်ရွယ်ချက်အတွက် အသုံးပြုခြင်းသည် ရှက်စရာကောင်းရုံသာမက ဗလီဝတ်ကျောင်းတော်များ၏ မြင့်မြတ်မှုကို အကြမ်းဖက်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုနေကြခြင်းဖြစ် ကြောင်း ဖြစ်ပါတယ်။
.......................................................
END / 251