၂၄ နိုဝင်ဘာ ၂၀၂၄ - ၁၀:၅၄
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ်ရေဇာ ဂိုလ်ဘိုင်ဂန်နီ (ရ.ဟ) အပေါ် သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ အထူးချီးမြှင့်မှု

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ်ရေဇာ ဂိုလ်ဘိုင်ဂန်နီ (ရ.ဟ) သည် အငှားအိမ် ဘဝဖြင့် ဘဝတည်ဆောက်ခဲ့ပါတယ်။ ထိုအချိန် အခါ က အာယာသွလ္လာဟ်ကြီး အပေါ် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ အထူးချီးမြှင့်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ်ရေဇာ ဂိုလ်ဘိုင်ဂန်နီ (ရ.ဟ) သည် အငှားအိမ် ဘဝဖြင့် ဘဝတည်ဆောက်ခဲ့ပါတယ်။ ထိုအချိန် အခါ က အာယာသွလ္လာဟ်ကြီး အပေါ်  သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ အထူးချီးမြှင့်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။

ဤအဖြစ်အပျက် မှာ  အိပ်မက်တစ်ခုမှတဆင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ်ရေဇာ ဂိုလ်ဘိုင်ဂန်နီ (ရ.ဟ) အတွက် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ဘက် မှ နေရာထိုင်ခင်း စီစဉ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အသေးစိတ်အချက်များမှာ အီမာန် ရှင် နှလုံးသားများ ကို ထိမိ မှာ ဖြစ်ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ်ရေဇာ ဂိုလ်ဘိုင်ဂန်နီ (ရ.ဟ) သည် အငှားအိမ် ဘဝကြောင့် အိမ် ခဏခဏ ပြောင်းခဲ့ရပါတယ်။ သီလ၊သမာဓိ ရှိသည့် အာလင်မ် ကြီး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ်ရေဇာ ဂိုလ်ဘိုင်ဂန်နီ (ရ.ဟ) ကိုယ်တိုင် မိန့်ကြားခဲ့သည် မှာ မိမိ၏ ဘဝအစောပိုင်းကာလတွင် အိမ်ဌား ဘဝ ဖြင့် ၂၅ အိမ် အထိ ပြောင်းရွေ့ နေထိုင်ခဲ့ရကြောင်း ဖြစ်ပါတယ်။

တစ်ကြိမ် တစ်ခါ အာယာသွလ္လာဟ် ဂိုလ်ဘိုင်ဂန်နီ  သည် ဌားဖို့ အိမ် တစ်အိမ် လိုက်ရှာခဲ့ပါတယ်။ ကွမ်းမြို့ ရှိ ပါဂ်‌ဂေပန်ပဟ် လို့ခေါ်သည့် ဧရိယာရှိ သက်ကြီးရွယ်အို အမျိုးသမီးကြီး တစ်ဦး၏ အိမ်သို့ ရောက်သွားခဲ့ပါတယ်။ ထို အမျိုးသမီးကြီး က  အာယာသွလ္လာဟ် ကြီးအား "ခင်ဗျား နာမည်ဘယ်လိုခေါ်လဲ" လို့မေးပါတယ်။

အာယာသွလ္လာဟ်ကြီး က “ကျနော် နာမည် ဆယက်ဒ် မိုဟမ္မဒ် ရေဇာ ” ဟု ပြန်ဖြေပါတယ်။

အမျိုးသမီးကြီး က “ခင်ဗျား က ဘယ်ကလာတာလဲ” လို့ ထပ်မေးပါတယ်။

အာယာသွလ္လာဟ်ကြီး က “ကျနော် ဂိုလ်ဘိုင်ဂန် ” ဟု ပြန်ဖြေပါတယ်။

အဲဒီအခါမှာ အမျိုးသမီးကြီး က “ အိမ်က ခင်ဗျား အတွက် ဒီမှာရှိတယ်ဆိုပြီး ” ချက်ချင်းကမ်းလှမ်းပါတယ်။

အာယာသွလ္လာဟ်ကြီး က ဤအမျိုးသမီးကြီး အား ဤကဲ့သို့ ပေးရသည့် အကြောင်းကို အကြိမ်ကြိမ်မေး သည့်အခါ အမျိုးသမီးကြီးက ပြောပြပါတယ်။

“ကျမ ညက ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ)  သခင်မကြီး ကို အိမ်မက် မှာ ဖူးတွေ့ခဲ့ရပါတယ်။  သခင်မကြီး က ကျမကို နာမည် ပြောပြီး မိန့်ပါတယ်။ ငါ့၏ သားတော် မိုဟမ္မဒ် ရေဇာ ဆီ မှာ အိမ်မရှိဘူး။ သူအိမ် လိုက်ရှာနေတေယ် ။ နင်အိမ်ကို သူကိုပေးလိုက်ပါလို့  ” မိန့်ပါတယ်။  

အမျိုးသမီးကြီးက ဆက်ပြောပါတယ်။

“ ဒီအိပ်မက်ကြောင့် မနက်ကတည်းက ခင်ဗျား ကိုစောင့်နေခဲ့တာ” ဟုပြောပါတယ်။

ဤအဖြစ်အပျက်သည် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ်ရေဇာ ဂိုလ်ဘိုင်ဂန်နီ (ရ.ဟ) ၏ ဘဝတွင် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ)  သခင်မကြီး  ၏ အထူးချီးမြှင့် မှုကို ပြသရုံသာမကဘဲ   အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် မိမိတို့ကို တကယ်ချစ်ကြသူများ ၊ မိမိတို့ အတွက် ခေသ်မသ် ပြုနေသူများ ကို ၎င်းတို့၏ဘဝပြဿနာများတွင် မပစ်ထားဘဲ  မည်သို့ကူညီပေးခဲ့သည်ကို သက်သေပြနေ ကြောင်း သိရပါတယ်။

ဤအတွက်ကြောင့် ကျနော်တို့ အနေဖြင့်လည်း အဲဟ်လေ့ဘိုက် (အ.စ) အား အမှန်တကယ်ချစ်သူ အစစ်များ ဖြစ်အောင် ၎င်းတို့ အတွက် ခေသ်မသ် လုပ်သူများ အစစ်ဖြစ်အောင် ကြိုးစားရင် မိမိ တို့၏ အခက်အခဲများ အတွက် အလ္လာဟ် ထံ ၎င်းတို့ကို သဝစိုလ်ပြု၍ ချဥ်းကပ်ပြီး တောင်းခံရမည် ဖြစ်ပါတယ်။ အဲဟ်လေ့ဘိုက် (သ) (အ.စ) ကို သဝစိုလ် ပြု၍ အလ္လာဟ်ထံ အသနားခံပေးရန် တင်ပြရမည် ဖြစ်ပါတယ်။

ကျမ်းကိုး - နူးရ်ရီ အဇ် မလကူးသ်ကျမ်း (ပါရှန်းဘာသာ) ၊ Hawza သတင်းအေဂျင်စီ

.......................................................

END / 251